မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကျန်းမာရေးထောက်ပံ့ငွေများ ကူညီပေးအပ်

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူးဦးတင်ရှိန်၊ (လူငယ်တာဝန်ခံ) ဗိုလ်ဗိုလ်ခင်မောင်တင့်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ပါတီ ခေါင်းဆောင်များက လွတ်လပ်ရေးရပ်ကွက် စည်း/မှူးဟောင်း ဒေါ်ခင်မျိုးမြင့်အား ကျန်းမာရေးအတွက် ထောက်ပံ့ ငွေများ ကူညီပေးအပ်ခဲ့သည်။
တစ်ဆက်တည်းမှာပင် သိမ်ဖြူမီးရထားရပ်ကွက် တွဲဖက်ပါတီ ခေါင်းဆောင် ကိုစည်သူ၏ဇနီး မီးဖွားခြင်းအတွက် ထောက်ပံ့ငွေ များကို အိမ်တိုင်ရာရောက် ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)