ထန်းတပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လမုတန်းကြီးကျေးရွာအုပ်စုသို့ နယ်မြေကွင်းဆင်း မြို့နယ်ပါတီရုံးတွင် အစည်းအဝေးကျင်းပ

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး ထန်း တပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ဗဟို ကော်မတီဝင် ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်း ဒေသကြီးပါတီနာယက ဦးကြည် မြင့်တို့လာရောက်၍ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသိန်းရီနှင့် မြို့ နယ်ပါတီကော်မတီဝင် ဒေါ်အေး သီတာထွန်း၊ ကော်မတီဝင်ဦးကျော် ဌေး၊ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်လတ်တို့သည် လမု တန်းကြီးကျေးရွာအုပ်စု၊ လမုတန်း လေးကျေးရွာ၊ အမယ်ကြီးအိုကျေး ရွာ၊ ရေကျော်လေးကျေးရွာများသို့ နံနက် ၁ဝ နာရီ၌ကွင်းဆင်း၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီက ပါတီ၏ရည်မှန်းချက်များ၊ စည်းရုံး ရေးလုပ်ငန်းကိစ္စများ၊ ၂ဝ၂ဝ ပါတီ အောင်နိုင်ရေးလုပ်ငန်းစဉ်များ၊ကျေး လက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြောကြားသည်။ ဆက်လက်၍ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဒေါက်တာ နေလင်းကလက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ သုံးသပ် ရှင်းလင်းပြောကြားခြင်း၊ ပါတီဝင် အင်အား စိစစ်လုပ်ဆောင်ရန် ပြော ကြားခြင်း၊ ၂ဝ၂ဝ ပါတီလွှတ်တော် ကိုယ်စားလှယ်များရွေးချယ်ရာတွင် ကိုယ့်မြို့ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက် အောင်လုပ်နိုင်သည့် ကိုယ်စား လှယ်များရွေးချယ်ကြပါရန်၊ အရွေး မမှားကြဖို့အရွေးမှားခဲ့လျှင် ကိုယ့် မြို့ကိုယ့်ဒေသ ထိခိုက်နစ်နာမည် ဖြစ်ကြောင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် လမုတန်းကြီး ကျေးရွာအုပ်စုမှအပြန်တွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌မွန်းတည့် ၁၂ နာရီတွင် ဗဟိုကော်မတီဝင်ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်ဒေါက်တာနေလင်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌဦးသိန်းရီ၊မြို့နယ် ကော်မတီဝင်တို့နှင့် ပါတီရှေ့လုပ် ငန်းစဉ်များ၊ ကော်မတီဝင်များနယ် မြေတာဝန်ခွဲဝေမှု၊ ကိုယ်စားလှယ် ရွေးချယ်ခြင်းကိစ္စများ၊ ဆွေးနွေး ပြောကြားကြကြောင်း သိရသည်။

ဇော်သိန်း(ထန်းတပင်)