ဗဟိုအလုပ်အမှုဆောင် အမျိုးသမီးရေးရာတာဝန်ခံများ ငပုတောမြို့နယ်မှ အမျိုးသမီးတာဝန်ခံများ၊ ပါတီဝန်းရံသူများ၊ ရပ်မိရပ်ဖများ၊ First Time Voter များနှင့်တွေ့ဆုံပွဲကျင်းပ

ဧရာဝတီ၊ နိုဝင်ဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်း​ဒေသကြီးအတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသားများ၊ ပါတီဝင်ဟောင်းများ၊ ဗ.ပ.ဆ သင်တန်းဆင်းများ၊ ပြင်ပလူငယ်များနှင့် တွေ့ဆုံ

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် လူငယ်ရေးရာစကားဝိုင်း ကျင်းပပြုလုပ်

ပြည်ကြီးတံခွန် နိုဝင်ဘာ ၉

၉-၁၁-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၂:၄၅ အချိန်ထိ ပြည်ကြီးတံခွန်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံး၊ရွှေတံခွန်ခန်းမတွင် လူငယ်ရေးရာ စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

လူငယ်ရေးရာ စကားဝိုင်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်၊လူငယ်ရေးရာကဏ္ဍတာဝန်ခံ ဦးအောင်နိုင်ဦးနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်း၊အတွင်းရေးမှုး ဦးဝင်းလှိင်ငြိမ်းနှင့်ကော်မတီဝင်များ၊ပြည်ကြီးတံခွန်မြိုနယ်ပါတီဥက္ကဌ ဦးစိုးအေး၊အတွင်းရေးမှုး ဦးအောင်မျိုးခိုင်နှင့်ကော်မတီဝင်များ၊မြိုနယ်ပါတီ အထောက်အကူပြု အဖွဲဝင်များ၊လူငယ်ပါတီဝင်များ၊First Time Voters များ၊စုစုပေါင်းအင်အား ၁၁၀ဦး တက်ရောက်ခဲ့ပါသည်။

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်ပါတီ ဆိုင်းဘုတ်နှင့် ရွှေတံခွန်ခန်းမ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

ပြည်ကြီးတံခွန် နိုဝင်ဘာ ၉

၉-၁၁-၂၀၂၃ ရက်နေ့ ၀၉:၀၀ အချိန်တွင် ပြည်ကြီးတံခွန်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးဝင်းအတွင်း၌ ပြည်ကြီးတံခွန်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်နှင့်ရွှေတံခွန်ခန်းမ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးအောင်နိုင်ဦး၊ပြည်ကြီးတံခွန်မြိုနယ်ပါတီဥက္ကဌ ဦးစိုးအေး၊အတွင်းရေးမှုး ဦးအောင်မျိုးခိုင်နှင့်ကော်မတီဝင်များ၊မြိုနယ်အထောက်အကူပြု အဖွဲဝင်များတက်ရောက်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် ဆိုင်းဘုတ်အား တာဝန်ရှိသူများမှ အမွှေးနံ့သာရည်များ ပက်ဖျန်းကာ သတ်မှတ်နေရာတွင် ဆိုင်းဘုတ်တင်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ လူငယ်ရေးရာတာဝန်ခံဒေါက်တာအောင်မြတ်ဦးနှင့် ကျောင်းကုန်းမြို့နယ်လူငယ်များ၊First Time Voter များနှင့်တွေ့ဆုံ

ကျောင်းကုန်း နိုဝင်ဘာ ၉

၉.၁၁.၂၀၂၃ နေ့ ၁၄း၀၀နာရီတွင် ကျောင်းကုန်းမြိုနယ်ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီစည်းဝေးခန်းမ၌Project Cycle Managementလူငယ်အကဲဖြတ်သုံးသပ်ရေးဗဟိုအဖွဲကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အတွက် လူငယ် တွေ့ဆုံပွဲအား ဗဟိုလူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊အောက်မြန်မာနိုင်ငံလူငယ်တာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေ၊တိုင်းပါတီဥက္ကဌဦးသိန်းထွန်း၊ တိုင်းလူငယ်ရေးရာတာဝန်ခံ၊ဒေါက်တာ ထိန်ဝင်း၊(ခရိုင်တာဝန်ခံ)နှင့်တိုင်း ကော်မတီဝင်များ၊ကျုံ ပျော်ခရိုင်ဥက္ကဌဦးမြင့်ကြိုင်နှင့် ကော်မတီဝင်များ၊ကျောင်းကုန်းမြိုနယ်ပါတီဥက္ကဌဦးကျော်ဝင်းစိန်နှင့်ကော်မတီဝင်များ First Time Voterများ၊ပါတီဝန်းရံလူငယ်မျာတိုင်းရင်း သား လူငယ်များ၊ပါတီအမာခံလူငယ်များ (၁၀၀)ဦး တက် ရောက်ကြပါသည်။
တက်ရောက်လာသူလူငယ်များ၏ မေးမြန်း ဆွေးနွေးမှုများအား ဗဟိုလူငယ်တာဝန်ခံဒေါက်တာအောင်မြတ်ဦးနှင့်တိုင်းလူငယ်တာဝန်ခံဒေါက်တာထိန်ဝင်း တိုင်းပါတီဥက္ကဌဦးသိန်းထွန်းတိုမှလက်ရှိ ဆောင်ရွက်နိုင်မှု တင်ပြနိုင်မှု ဆက်စပ် ဆောင်ရွက်နိုင်မှုများကိုဖြေကြားပြီးညနေ၁၆း၀၀ တွင်အောင်မြင်စွာတွေ့ဆုံပြီးစီးခဲ့ပါသည်။

အမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး ဆပ်ပြာဆီချက်လုပ်နည်း လက်တွေပြသ

ဟင်္သာတ နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ဟသ်ာတမြို့အမျိုးသမီး ရေးရာပရောဂျက်အတွက် ၆.၁၁.၂၀၂၃ ရက် နေ့လည် ၁း၀၀နာရီပျဉ်းမချောင်းရပ်ကွက်၌ ခရိုင်ကော်မတီဝင်ဦးသန်းစိန် ဥက္ကဌဦးဌေးဝင်း၊ အတွင်းရေးမှူး ဦးအေးဟန်၊ ဒေါ်ခင်သီတာနိုင်၊ ကိုအောင်ဇော်မျိုး တို့လိုက်ပါ၍ အမျိုးသမီး ၂၀ ဦးနှင့်တွေ့ဆုံ၍ ပရောဂျက်လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း ၉.၁၁.၂၀၂၃နေ့ တွေ့ဆုံပွဲတွင် စုံစုံလင်လင်တက်ရောက်ရေးလာမည့်ရွေးကောက်ပွဲအနိုင်ရရှိအောင် အမျိုးသမီးထုအင်အားများ လိုအပ်ကြောင်း ရွေးကောက်ပွဲ ရှုးနိမ်လျှင်နိုင်ငံအတွက် အန္တရာယ်ရှိကြောင်းများ ဆွေးနွေးခဲ့ကြပြီး ဆပ်ပြာဆီလုပ်နည်းသင်တန်းအား ပြသခဲ့ပြီး နေ့လည်၃း၃၀ အချိန် ပြီးဆုံးခဲ့ပါသည်။


 

======================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ရှမ်းပြည်နယ်​(မြောက်ပိုင်း) ​ရှေ့တန်းစစ်မျက်နှာအသီးသီးတွင် တိုက်ပွဲဝင်​နေကြသည့် တပ်မ​တော်သားများအတွက် စားသောက်ဖွယ်ရာများလှူဒါန်း



ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင်ကန်ကြီးထောင့်မြိုနယ်ပါတီလူငယ်ရေးရာကော်မတီက ဦးဆောင်ပြုလုပ်သောပိုက်ကျော်ခြင်း၊ ဖူဆယ်ဘောလုံးကန်ပြိုင်ပွဲဆုပေးပွဲကိုချောင်းညီနောင်ရွာမှာယနေ့ညနေ၄နာရီအချိန်ပြုလုပ်ပါသည်။
ပိုက်ကျော်ခြင်းနှင့်ဖူဆယ်ဘောလုံးပွဲပထမရသောအဖွဲ့ကို ကျပ်လေးသောင်းစီ၊ဒုတိယရသောအဖွဲ့ကို ကျပ်သုံးသောင်းစီကျန်သော အသင်းတိုင်းအား နှစ်သိမ့်ဆုတစ်သောင်းကျပ်စီချီးမြှင့်ပါသည်။
ဆုရအသင်းများအားမြိုနယ်ကော်မတီဝင်ဦးမော်စီအေးနှင့်ကွမ်းသီးပင်ဆိပ်အုပ်စုပါတီဥက္ကဌဦးဇော်မျိုးထွန်းတိုဆုချီးမြင့်ပါသည်။
ဤဆုငွေများကိုမြို့နယ်ပါတီလူငယ်ရေးရာ ယာယီတာဝန်ခံနမ့်အေးအေးကြူကိုယ်စားဦးမော်စီအေး၊ဦဇော်မျိုးထွန်းတိုဆုချီးမြှင့်ခဲ့ကြပါသည်။

=======================

မြို့နယ်ပါတီလူငယ်ရေးရာကော်မတီက ဦးဆောင်ပြုလုပ်သောပိုက်ကျော်ခြင်း၊ ဖူဆယ်ဘောလုံးကန်ပြိုင်ပွဲဆုပေးပွဲပြုလုပ်

ကန်ကြီးထောင့် နိုဝင်ဘာ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိင်းရေးတာဝန်ခံဦးလှသိန်း ပဲခူးတိုင်းဒေသကြီးသိုနယ်မြေကွင်းဆင်း တွေ့ဆုံဆွေးနွေး

ပဲခူး နိုဝင်ဘာ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိင်းရေးတာဝန်ခံဦးလှသိန်းသည် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းတိုင်း၊ခရိုင်၊မြိုနယ်၊ရပ်ကျေးပါတီ ပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံညှိနှိင်းစည်းဝေးခဲ့ကြပြီး ၊ ပဲခူးမြိုနယ် အတွင်းရှိ ကလိကျေးရွာ နှင့်အဝိုင်းကျေးရွာများသိုသွားရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပါသည်။