မန္တလေးခရိုင်ပြည်ခိုင်ဖြိုးများစုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေးအားကစားပြုလုပ်

 

(၂၀.၁၂.၂၀၁၆)ရက်နေ့ နံနက်(၀၆း၃၀)အချိန်တွင် မန္တလေးခရိုင်အတွင်းရှိပြည်ခိုင်ဖြိုးပါတီဝင်များစုပေါင်း၍ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိဘောလုံးကွင်းအတွင်း၌ ဒီဇင်ဘာလစုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအားကစားပြုလုပ်ရာ တိုင်းဒေသကြီးကော်မတီဝင်ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ဥက္ကဌများနှင့်ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများကို စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းစည်းဝေးကျင်းပ

 

မိုးညှင်းမြို့နယ် ဟိုပင်ဒေသပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းစည်းဝေးကို
ဒေသခံပါတီ ကော်မတီနာယက ဦးညီလေး၊
ခရိုင်အရန်ကော်မတီဝင်ဦးဖုန်းမြင့် ၊ မိုးညှင်းမြို့ နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ မြို့ နယ်အရံကော်မတီဦးမြဝင်း ။ ဒေါ်ဝါဝါဆွေ ဒေါ်လင်းလင်းဝင်းနှင့် ရပ်ကျေးကော်မတီဝင်များ
ရေးရာကော်မတီဝင်များ လူငယ်ကေဒါများတက်ရောက် ကြပြီး
ရှေ့ ဆက် လုပ်ငန်းစဉ်များ ညှိနိုင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိသည်။

တနိုင်းမြို့နယ်လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းဝေး

 

တနိုင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏လစဉ်ပုံမှန်အစည်းဝေးကို
ယနေ့နေ့လည်(၁၁း၃၀)နာရီတွင်စတင်ကျင်းပရာအစည်းဝေး
သို့ပြည်နယ်ကော်မတီဝင်(ချိန်ပိုင်း)ဦးkဆမ်အေါန်၊ ခရိုင်
ကော်မတီဝင်ဦးဆိုင်းလ(ချိန်ပိုင်း) မြို့နယ်ဥက္ကဌဦးမြင့်ကိုနှင့်မြို့
နယ်ကော်မတီဝင်များ ရပ်ကျေးစည်းမူးများစုစုပေါင်း(၄၀ဦး)
တက်ရောက်ကြပြီးညှိနှိုင်းအစည်းအဝေးအါးနေ့လည်(၂)နာရီ
တွင်ပြီးဆုံးကြောင်း သိရသည်။

Myint Ko‎


ပြည်ခိုင်ဖြိုးပါတီမှ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်

 

(၁၉.၁၂.၂၀၁၆) ရက်နေ့ နံနက် (၁၀း၀၀) နာရီမှစတင်၍ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးတင်ယု၏ စီစဉ်ဆောင်ရွက်မှုဖြင့် လှိုင်သာယာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၁) ရပ်ကွက်ရှိ မြခွါညိုလမ်း / ခိုင်သဇင် လမ်း/ ပိတောက်လမ်း/ ခရေလမ်း/ ကံ့ကော်လမ်း/ သပြေလမ်း/ န်ချယ်လမ်း/ ဂန္ဓမာလမ်း/ သရဖီလမ်း/ ချယ်ရီလမ်း/ စွယ်တော်လမ်းများအတွင်း သွေးလွန် တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းကို မြို့နယ်ကော်မ တီဝင် ဦးလေးနိုင်/ ဦးမောင်မောင်မြင့်/ မြို့နယ်ပါတီ အထောက်အကူပြု အဖွဲ့ဝင် ဦးစိုင်းလင်းဇော်/ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြင့်ဇော်နှင့် ကော်မတီဝင်များ/ ပါတီဝင်များမှ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီချိန်မှ စတင်ကာ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် အဖွဲ့မှ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

Green Starပရဟိတလူငယ်အဖွဲ့ လုပ်အားကုသိုလ်ပြု

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းထားသော Green Star ပရဟိတလူငယ်အဖွဲ့သည် ယနေ့ ဒီဇင်ဘာ(၁၉)ရက်နေ့ နံနက်(၀၇:၃၀)နာရီချိန်မှ စတင်ကာ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာအုပ်စု ကော့တာတောရ ဘုန်းတော်ကြီးကျောင်းရှိ ဘုရားဝင်းအတွင်း၌ အမှိုက်များကောက်ခြင်း၊ တံမြက်စည်းလှည်းခြင်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ဆက်လက်ပြီး ဘုရားဝင်းအတွင်း ကွန်ကရစ်လောင်းရာတွင် Green Star အဖွဲ့ဝင်များ စုပေါင်း၍ တက်ညီလက်ညီ လုပ်အားကုသိုလ်ပြုခဲ့ကြသည်။

၂ဝ၁၇ အောင်နိုင်ရေး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဆွေးနွေး

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့၊ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)နှင့် ပြည်နယ်ပါတီအတွင်းရေးမှူးဦးသန်းဝေ (ပါတီဗဟိုကော်မတီဝင်)တို့သည် အမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယခုလ ၁၂ရက် မွန်းလွဲ ၂ နာရီက အမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။