ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီချိန်မှ စတင်ကာ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် အဖွဲ့မှ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ပြည်နယ်ပါတီကော်မတီဝင် Drတိုးတိုးအောင် နှင့် မော်လမြိုင်ခရိုင်ဥက္ကဌ ဦးစိုးထွန်း၊ ခရိုင်ကော်မတီဝင် ဦးမင်းမြင့်ထွန်းတို့မှ တက်ရောက်ခဲ့ပြီး၊ ၂၀၁၇ ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်းအောင်သူ၊ အတွင်းရေးမှူးဦးမိုးမြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲကို တက်ရောက်လာကြသော ရပ်/ကျေးစည်းမှူးတို့မှ မိမိတို့ ကျေးရွာ အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး မွန်းလွှဲ(၀၂:၃၀)နာရီချိန်တွင် တွေ့ဆုံပွဲပြီးမြောက်ကာ စုစုပေါင်း အင်အား( ၁၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Leave a Reply