ပြည်ခိုင်ဖြိုးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ လွိုင်ကော်ခရိုင်နှင့် မြို့နယ်ပါတီတာဝန်ရှိသူများ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

 

လွိုင်ကော် သြဂုတ် ၂၇

လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး တွင် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ၁ဝနာရီခွဲ အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီလွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပါတီတာဝန်ရှိသူများက ရုံးဝန်ထမ်းများအား လုပ်ငန်းတာဝန် များ၊ လုပ်ထုံးလုပ်နည်းများကို အသေးစိတ် လမ်းညွှန်ဆွေးနွေး မှာကြားသည်။ ယင်းအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ လွိုင်ကော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်ဦးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေ၊ အတွင်းရေးမှူး ဦးကူးရယ်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မမောင်