၂ဝ၁၇ အောင်နိုင်ရေး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဆွေးနွေး

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့၊ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)နှင့် ပြည်နယ်ပါတီအတွင်းရေးမှူးဦးသန်းဝေ (ပါတီဗဟိုကော်မတီဝင်)တို့သည် အမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယခုလ ၁၂ရက် မွန်းလွဲ ၂ နာရီက အမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။

လာမည့် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်အတွင်း ပြည်သူ့လွှတ်တော် တစ်နေရာလစ်လပ်လျက်ရှိရာ ပြည်ခိုင်ဖြိုးပါတီက ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သဖြင့် ယခုကဲ့သို့ တွေ့ဆုံကာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအတွင်းရေမှူးနှင့်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ပြည်နယ်ပါတီအတွင်းရေးမှူး၊ ကျောက်ဖြူ ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အမ်းမြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူးက ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ပြည်နယ်ပါတီဥက္ကဋ္ဌက ပြည်နယ်၏ပကတိမြေပြင်အခြေအနေများနှင့် ရွေးကောက်ပွဲ အလားအလာများကို သုံးသပ်ရှင်းလင်းခဲ့သည်။
ထို့နောက် အမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌဦးကျော်ကျော်နိုင်က မိမိတို့မြို့နယ်ပါတီ၏ဆောင်ရွက်ထား ရှိမှုများနှင့်ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ဆောင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ပါတီအရန်ကော်မတီဝင် ဦးတင်အောင်(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း)က မိမိကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်စဉ်က တွေ့ကြုံခဲ့ရသောအခက်အခဲများ၊ အဆင်မပြေမှုများကိုဆွေးနွေး အကြံပြုတင်ပြခဲ့သည်။ ဆက်လက်၍ ကျောက်ဖြူခရိုင်ပါတီဥက္ကဋ္ဌက ပါတီအောင်နိုင်ရေး၊ တခြား ပါတီများ၏ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက်အမ်းမြို့နယ်ရပ်/ကျေးအုပ်စုများ၏ ပကတိမြေပြင်အခြေအနေများကို ရပ်/ကျေး အုပ်စုပါတီခေါင်းဆောင်များက တင်ပြဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို ဗဟိုအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြသည်။

နေချိုသွေး


Leave a Reply