ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့ သလဲဦးကုန်းသာကျေးရွာနှင့် ကုန်းခြံအထက်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းမင်း ဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဦးတင့်လှိုင်မြင့် (ပါတီစည်းကမ်းထိန်းသိမ်းရး)၊ ဦးကိုကိုနိုင် (သုတေသနနှင့် ပညာရေးဌာနကြီး)၊ ဦးအောင်ကျော်ညွန့် (စီးပွားရေးရာ)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးအုန်းဖေနှင့် ဦးမိုးစည်သူ၊ တောင်ကြီးခရိုင်ပါတီ ကော်မတီဝင် ဦးကျော်တိုး၊ ညောင်ရွှေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစံရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များလိုက်ပါပြီး ဒီဇင်ဘာ (၂၆) ရက် နံနက် ၁ဝ နာရီခွဲတွင် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာသို့လည်းကာင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကုန်းခြံအထက် ကျေးရွာသို့လည်းကောင်း သွားရောက်၍ ဒေသခံ မိဘပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။

 

(more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သော အဖွဲ့ဝင်ငါးဦး ပါဝင်သည့် ပါတီ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ (၂၇) ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးစဉ် MU2032 ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

(more…)


လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် မဲဆန္ဒရှင်ဦးရေ နှစ်သန်းကျော်ရှိ

လာမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင မည့် မဲဆန္ဒရှင်ဦးရေ ၂ ဒသမ ၂ သန်းခန့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။ (more…)


ကမ္ဘာ့သဘောထားအကြီးဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံ (၃) နှစ်ဆက်တိုက် ရပ်တည်

World Giving Index ရဲ့စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့သဘောထားအကြီးဆုံး နိုင်ငံအဖြစ် (၃)နှစ်ဆက်တိုက် ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။ တစိမ်းတွေအပေါ် အကူအညီပေးမှု၊ အလှူအတန်း ရက် ရောမှုနဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်မှုတွေကို စစ်တမ်းကောက်ယူ လေ့လာခဲ့တာဖြစ်ပြီး မြန်မာ နိုင်ငံဟာ ရမှတ်အားလုံးရဲ့ (၇၀%) အထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ (more…)


ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့အား ထပ်မံတိုးချဲ့ ဖွဲ့စည်းမည်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့အား မူလက အတွင်းရေးမှူး ကိုးဦး ရှိရာမှ ၁၅ ဦးအထိ ထပ်မံတိုးချဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။ (more…)


အာဆီယံဒေသအတွင်း ဘဏ်များအပြန်အလှန်ဖွင့်နိုင်ရေး ထိုင်း၊ ဗီယက်နမ်တို့နှင့် နိုင်ငံအဆင့်ဆွေးနွေးနေ

အာဆီယံဒေသအတွင်း ဘဏ်များ အပြန်အလှန် ဖွင့်လှစ်နိုင်ရန် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် နိုင်ငံအဆင့် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။

(more…)


NV ကတ်ကိုင်ဆောင်သူများ၏သားသမီးများ နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားခွင့်ရှိ

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (Identity Card for National Verification-NV Card) ကိုင်ဆောင်သူများမှ မွေးဖွားလာသော သားသမီးများသည်လည်း မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား စိစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပြန်သည်။

(more…)


ပျဉ်းမနားမြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ယနေ့ (၂၃-၁၂-၂၀၁၆)ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်l ခရိုင် ကော်မတီဝင် ဒေါ်ဖြူဖြူကျော်l မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ လူငယ်ဘောလုံးအသင်းအတွက် အလှူငွေများ ပေးအပ်

 

(၂၂-၁၂-၂၀၁၆)ရက်နေ့တွင် ဒုတိယအဖြစ် အာခါလီရှောဘောလုံးအသင်းနှင့် သွားရောက်ယှဉ်ပြိုင်ကစားမည့် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးအသင်းအဖွဲ့ များကို မကာဟိုခမ်းရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဦးဝေယံဦး (ဘဏ္ဍာရေးမှူး)၊ ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင် ဦးကျော်ငြိမ်းအောင်၊ ဦးအောင်ထန်တို့မှ တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်တာဝန်ခံ ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

 

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဒီဇင်ဘာ (၂၂) ရက် နံနက် (၁၀) နာရီ အချိန်မှစ၍ ဗဟိုကော်မတီဝင် ရန်ကုန်မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်း၊ မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ (၈)မြို့နယ်မှ ပါတီဥက္ကဌများနှင့် အတွင်းရေးမှူးများ တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။