လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် မဲဆန္ဒရှင်ဦးရေ နှစ်သန်းကျော်ရှိ

လာမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင မည့် မဲဆန္ဒရှင်ဦးရေ ၂ ဒသမ ၂ သန်းခန့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးရမည့် မဲဆန္ဒရှင်များ၏စာရင်းကို လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာ မည်ဖြစ်ကာ မဲစာရင်းကြေညာရန်လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဟု ဦးတင်ထွန်းက ဆိုသည်။

မြို့နယ် ၂၂ မြို့ရှိ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရန် မဲစာရင်း ကောက်ယူခြင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ရက်ပေါင်းသုံးဆယ်ကြာ လစ်လပ်မဲဆန္ဒနယ် များတွင် အိမ်တိုင်ရာရောက် ကောက်ယူခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရမည့် မဲဆန္ဒရှင်ပြည်သူ များ၏ မဲစာရင်းကို ရွေးကောက်ပွဲကျင်းပရန် နှစ်လအလို ၂၀၁၇ ဖေဖော်ဝါရီ ၁ ရက်ကစ၍ ၁၄ ရက်ကြာ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာမည်ဖြစ်သည်။

မဲစာရင်းကပ်ထားရာတွင်လည်း ယခင်ရွေးကောက်ပွဲများကဲ့သို့ အက္ခရာစဉ်အလိုက် မဲဆန္ဒရှင်စာရင်းများကို ဖော်ပြ သည့်နည်းကို အသုံးပြုမည်မဟုတ်ဘဲ မဲစာရင်းကို လွယ်ကူစွာကြည့်ရှုနိုင်ရန် မိသားစုအလိုက် ဖော်ပြပေးထား မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရ သည်။

၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိကာ လစ်လပ် မဲဆန္ဒနယ်များရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတို့မှ မြို့နယ် ၂၂ မြို့နယ်တို့၌ကျင်းပမည်ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာတွင် ပြည်သူ့လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာ၊ ပြည်နယ်လွှတ်တော်အတွက် ခုနစ်နေရာဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ်များရှိသည့် မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူး၊ ထန်တလန်၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ၊ ဖရူဆို၊ ကျိုင်းတုံနှင့် ညောင်ရွှေ မြို့နယ် တို့တွင် ကျင်းပမည်ဖြစ်သည်။

# 7 Day Daily