ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ လူငယ်ဘောလုံးအသင်းအတွက် အလှူငွေများ ပေးအပ်

 

(၂၂-၁၂-၂၀၁၆)ရက်နေ့တွင် ဒုတိယအဖြစ် အာခါလီရှောဘောလုံးအသင်းနှင့် သွားရောက်ယှဉ်ပြိုင်ကစားမည့် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးအသင်းအဖွဲ့ များကို မကာဟိုခမ်းရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဦးဝေယံဦး (ဘဏ္ဍာရေးမှူး)၊ ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင် ဦးကျော်ငြိမ်းအောင်၊ ဦးအောင်ထန်တို့မှ တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံပြီး လူငယ်ဘောလုံးအသင်းအတွက် အလှူငွေများ ပေးအပ် လှူဒါန်းကြရာ ပြည်နယ်ပါတီကော်မတီဝင် ဦးဝီလ်ဆင်မိုး မှ ဘတ် ၁၀၀၀၀၊ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း မှ ဘတ် ၅၀၀၀၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း မှ ဘတ် ၅၀၀၀၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းလုံ မှ ဘတ် ၅၀၀၀၊ စီးပွားရေး လုပ်ငန်းရှင် ဦးလောတာ မှ ဘတ် ၅၀၀၀ ဖြင့် စုစုပေါင်း ဘတ် ၃၀၀၀၀ ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့အပြင် အုပ်စုအဆင့်သို့ တက်ရောက်ပါက မြို့နယ်ပါတီ(နာယက) ဦးဘိုလေး မှ အားကစားဝတ်စုံကို ဆက်လက် လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရပြီး ယင်းနေ့ကစားမည့် အားကစားသမားများအတွက် အအေး၊ ရေခဲ၊ ရေသန့်ဗူးများ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း မှ လှူဒါန်းကာ ပါတီမှ မျက်နှာသုတ်ပုဝါများ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

# Myo Thant