ကမ္ဘာ့သဘောထားအကြီးဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံ (၃) နှစ်ဆက်တိုက် ရပ်တည်

World Giving Index ရဲ့စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့သဘောထားအကြီးဆုံး နိုင်ငံအဖြစ် (၃)နှစ်ဆက်တိုက် ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။ တစိမ်းတွေအပေါ် အကူအညီပေးမှု၊ အလှူအတန်း ရက် ရောမှုနဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်မှုတွေကို စစ်တမ်းကောက်ယူ လေ့လာခဲ့တာဖြစ်ပြီး မြန်မာ နိုင်ငံဟာ ရမှတ်အားလုံးရဲ့ (၇၀%) အထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ (၂၀၁၄)ခုနှစ် မှာ ကောက်ယူခဲ့တဲ့စစ်တမ်းအရ အမေရိကန်နဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည် နိုင်ခဲ့ပြီးနောက်ပိုင်းမှာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့သဘောထားအကြီးဆုံးနိုင်ငံနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ လေ့လာမှုစစ်တမ်းအဖွဲ့က မြန်မာနိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်းအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တာကြောင့် အခုလို ရပ်တည်နိုင်တာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ကမ္ဘာ့သဘောထားအကြီးဆုံးနိုင်ငံများရဲ့ ဒုတိယနေရာမှာတော့ အမေရိကန်နိုင်ငံက ရမှတ် (၆၁%)နဲ့ ရပ်တည် နေပြီး ထိပ်ဆုံး (၁၀)နိုင်ငံစာရင်းမှာ သြစတြေးလျ၊ နယူးဇီလန်၊ သီရိလင်္ကာ၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ အိုက်စလန်နဲ့ ယူအေအီးနိုင်ငံတို့ အစဉ်လိုက် ရပ်တည်နေတယ်လို့ The Blaze သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။

5 Plus News