ကော့မှူးမြို့နယ်တွင် အခြေခံမိတ်ကပ်နှင့် ဆံပင်အလှပြင်သင်တန်းဖွင့်လှစ် မြတ်ဟိန်းကျော်(ကော့မှူး)

 

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင်ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ယခုလ ၁၂ရက် နံနက် ၁ဝနာရီကကော့မှူးပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်းနှင့် အမျိုး သမီးရေးရာကော်မတီ တာဝန်ခံ ဒေါ်မြင့်မြင့်အေး၊ဒေါ်ကေသွယ်ထွန်း၊ ဒေါ်မြမြမိုးတို့ ဦးစီးလျက် အခြေခံ မိတ်ကပ်နှင့်ဆံပင်အလှပြင်သင်တန်း အမှတ်(၁)ကို ဖွင့်လှစ်ခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာတာဝန်ခံ၊ ဗဟိုကော် မတီဝင်ဒေါ်စန်းစန်းဝင်းနှင့် ပြည် ခိုင်ဖြိုးပါတီရန်ကုန်တောင်ပိုင်းခရိုင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မိုး မိုးအိ၊ရန်ကုန်အရှေ့ပိုင်းခရိုင် အမျိုး သမီးရေးရာတာဝန်ခံဒေါ်အေးအေး မြင့်၊မြောက်ဥက္ကလာပမြို့နယ် ပြည် ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာတာဝန် ခံဒေါ်သန္တာဦး၊ဒလမြို့နယ် ပြည်ခိုင် ဖြိုးပါတီအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စိုးစိုးနွယ်တို့ တက်ရောက်ဖွင့် လှစ်ပေးခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်း သူ ၂ဝ တက်ရောက်လျက် သင် တန်းကာလမှာ ခုနစ်ရက်ကြာမြင့် မည်ဖြစ်ပြီး သက်ထား ဆံပင်နှင့် မိတ်ကပ်အလှပြုပြင်ရေး ကော့မှူး မြို့မှ ဒေါ်သက်ထားက သင်တန်း ဆရာအဖြစ် ဆောင်ရွက်ကြောင်း သိရသည်။

Union daily


Leave a Reply