ပြည်နယ်ပါတီ နှင့် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

ဒီးမောဆို – သြဂုတ် ၁၄

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အပတ်စဉ် ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်

 

ရန်ကုန်၊ သြဂုတ် ၁၃

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါမှ မြို့နယ်ပါတီကော်မတီနှင့် ရပ်ကွက်ပါတီဥက္ကဌများနှင့် လူငယ်တာဝန်ခံများ၊ အမျိုးသမီးတာဝန်ခံများ၊ အပတ်စဉ် ပုံမှန်အစည်းအဝေးအား ယမန်နေ့ညနေ (၃) နာရီတွင် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးအား မြို့နယ်ပါတီအတွင်းရေးမှုး ဦးဝင်းကြိုင်မှ ဦးဆောင်ကျင်းပပြီး ပါတီရှေ့လုပ်ငန်းစဉ်များအား တက်ရောက်လာသူများအား လမ်းညွန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ရေးရာတာဝန်ခံများမှ ရေးရာအလိုက်ဆွေးနွေးကြပြီး တက်ရောက်လာကြသော ရပ်ကွက်ပါတီဥက္ကဌများမှ သိရှိလိုတာများ မေးမြန်းဆွေးနွေးကြပြီး ဆွေးနွေးမှုအား မြို့နယ်အတွင်းရေးမှုးမှ ပြန်လည်ဖြေကြားပြီး အစည်းအဝေးအား ညနေ ၄နာရီခွဲတွင် ပြီးမြောက်ခဲ့ပါသည်။

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်တာဝန်ခံနှင့် တွေ့ ဆုံပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် လူငယ်ရေးရာတာဝန်ခံ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦးနှင့် ကချင်ပြည်နယ် ပါတီကော်မတီဝင်များ၊ ခရိုင် / မြို့နယ်ကော်မတီဝင်များ တွေ့ ဆုံပွဲကို ယနေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့ကချင်ပြည်နယ် ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့ဆက် ဆောင်ရွင်ရမည့်ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်းသိရသည်။

USDP Kachin state .

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရှားတောမြို့နယ်ပါတီတို့ ဒေါလဲဒူရွာ ပါတီဝင်များ နှင့်တွေ့ဆုံခြင်း

 

ရှားတော – သြဂုတ် ၁၃

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရှားတောမြို့နယ်ပါတီတို့ ပွန်ချောင်းကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံခြင်း

 

ရှားတော၊ သြဂုတ် ၁၃

သုံးပန်​လှကျေးရွာအုပ်​စု ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီဆိုင်းဘုတ်​တင်​ပွဲနှင့် လူထု​တွေ့ဆုံပွဲပြုလုပ်

 

ချောင်းဦး ၊ သြဂုတ်​ ၁၄

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထူးချွန်ကျောင်းသားများနှင့်ဆရာများအား ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ရပ်စောက် သြဂုတ် ၁၃

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသော(၂ဝ၁၇-၂ဝ၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမများ အား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်များဖြစ်ကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းလုံကျော်၊ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်မြင့်တို့နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

စလင်းပြည်ခိုင်ဖြိုးဓမ္မစကူးလ်ကျောင်း သန့်ရှင်းရေးလုပ်အားပေး

 

မကွေးတိုင်းဒေသကြီး စလင်းပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌဦးခင် မောင်၊ အတွင်းရေးမှူးဦးဇော်နိုင်နှင့်ကော်မတီဝင်များသည် ယနေ့ နံနက်ပိုင်းက ပေါင်းပင်းဇင်းရပ် ဓမ္မသုခဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ဗုဒ္ဓအဆုံးအမများ သင်ယူနိုင်ရန် အတွက် ကျောင်းဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း သန့်ရှင်းရေးများပြုလုပ်၍ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)


ရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသောကျေးလက်လမ်းပြန်လည်ပြုပြင်ရန် ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများလှူဒါန်း

 

ပဲခူး သြဂုတ် ၁၃

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းတွဲဖက်တာ ဝန်ခံ ဦးလှသိန်းသည် တိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးဦးညီညီမြင့်၊ ပဲခူးခရိုင်ဥက္ကဋ္ဌ ဦးအောင်စိုး၊ ဝေါမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးမောင်ယု၊အတွင်း ရေးမှူး ဦးသက်တိုးဝင်းတို့နှင့်အတူ ဝေါမြို့နယ် မြစ်ကျိုး-ဆင်ရွာကျေး ရွာသို့သွားရောက်ပြီး စစ်တောင်း မြစ်ရေတိုက်စားမှုကြောင့် ပျက်စီး သွားသော မြစ်ကျိုး-ဆင်ရွာသွား လမ်းအား ပြန်လည်ပြုပြင်ရန် အတွက်ယမန်နေ့နံနက်ပိုင်းကအလှူ ငွေကျပ်သိန်း ၃ဝ ကို ကျောင်းထိုင် ဆရာတော်အား အမှူးထားပြီး လမ်းကော်မတီထံပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။