ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထူးချွန်ကျောင်းသားများနှင့်ဆရာများအား ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ရပ်စောက် သြဂုတ် ၁၃

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသော(၂ဝ၁၇-၂ဝ၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမများ အား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်များဖြစ်ကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းလုံကျော်၊ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်မြင့်တို့နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။