ဘီးလင်းမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီမှ ​ရေ​ဘေးသင့်ပြည်​သူများအား ကူညီ​ထောက်​ပံ့လျှက်​ရှိ

 

ဘီးလင်း၊ သြဂုတ် ၁၄

မွန်​ပြည်​နယ်​၊ ဘီးလင်းမြို့နယ် ​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးမြင့်​ဆွေ၊ အတွင်း​ရေးမှူး ဦး​ကျော်​​ဇေယျာမင်း တို့အဖွဲ့သည် ​ယမန်​နေ့ နံနက်​ ၁၁ နာရီက ​မဲ့လံ​ခေါင်း​ကျေးရွာအုပ်​စုရှိ ​ရေ​ဘေးသင့်ပြည်​သူများအား ​ထောက်​ပံ့​ရေးပစ္စည်းများ ကူညီ​ပေးအပ်​ခဲ့​ကြောင်းသိရသည်​။
ယမန်နေ့က ဘီးလင်းမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌနှင့်​အဖွဲ့မှ​ ​ကျောက်​​ဆောင်​ရပ်​ကွက်​ရှိ အိမ်​​ထောင်​စု ၃၇ စုအား ဆန်​အိတ်​ ၆ အိတ်၊ ​လော​စော​လော့အုပ်စုရှိ အိမ်​​ထောင်​စု ၁၂၀ တို့အား ဆန်​အိတ်​ ၁၈ အိတ်၊ ဖားကဒူးရပ်​ကွက်​ရှိ အိမ်​​ထောင်​စု ၈၀ တို့အား ဆန်​အိတ် ၁၂ အိတ်၊ မဲ့လံ​ခေါင်း​ကျေးရွာရှိ အိမ်​​ထောင်​စု ၁၁၄ တို့အား ဆန်​အိတ်​ ၁၇ အိတ်​အား သွား​ရောက်​လှူဒါန်းခဲ့ပြီး၊ မဲ့လံ​ခေါင်း ဘုန်းကြီး​ကျောင်းရှိ ​ကျောင်းထိုင်​ဆရာ​တော် ​ဥူးနန္နဝံသအား ဖူး​မြော်​ကြည်​ညို၍ ဝတ္ထူ​ငွေ ၃၀၀၀၀ ကျပ်​၊ ဆန်​အိတ်​၂ အိတ်​တို့အား သွား​ရောက်​လှူဒါန်း၍ ၎င်း​ကျေးရွာရှိ မဲ့လံ​ခေါင်းအ​ခြေခံပညာမူလတန်း​ကျောင်းရှိ က​လေးငယ်​များအား ဗလာစာအုပ်​များသွား​ရောက်​လှူဒါန်းခဲ့​ကြောင်း ​သိရသည်​။
အဆိုပါ လှူဒါန်းရာသို့ ဘီးလင်းမြို့နယ် ​ပြည်​ခိုင်​ဖြိုးဥက္ကဋ္ဌ ဦးမြင့်​​ဆွေ ၊အတွင်း​ရေးမှူး ဦး​ကျော်​​ဇေယျာမင်း၊ မြို့နယ်​လူငယ်​တာဝန်​ခံ ဦးဆန်းထွန်းဦးနှင့် လူငယ်​အဖွဲ့များ၊ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​ကွက်နှင့် ဥက္ကဋ္ဌများလိုက်​ပါ ​ဆောင်​ရွက်​ကြ​ကြောင်း သိရသည်​။