ကော့မှူးပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းစည်းရုံးလှုပ်ရှား

 

၂ဝ၁၇ ကြားဖြတ်ရွေးကောက် ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးကျော်ဇင်ဟိန်းသည် ကျိုက်ထော်(မြောက်)ကျေးရွာ၊ ကျိုက်ထော်တောင်ကျေးရွာ၊ ငှက် အော်စမ်းကျေးရွာ စသည့်ကော့မှူး အနောက်ခြမ်းကျေးရွာများသို့ ယနေ့နံနက် ၉ နာရီမှစ၍ စည်းရုံး လှုပ်ရှား ကွင်းဆင်းဆောင်ရွက် ခဲ့ရာ အောင်နိုင်ရေးအလံများ၊ ကိုယ်စားလှယ်မိတ်ဆက် လက် ကမ်းစာစောင်များ ဝေငှမိတ်ဆက် ခဲ့သည်။

အဆိုပါ စည်းရုံးရေးခရီးစဉ် ကို ရန်ကုန်တောင်ပိုင်းခရိုင်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ခရိုင်ဥက္ကဋ္ဌ ဦးလွင်ဦး ဦးစီး ပြီး ဒလမြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်၊ တွံတေးမြို့နယ်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမြို့နယ်ကော်မတီများ၊ကော့မှူး မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း၊ ကော့မှူးမြို့နယ်ပါတီကော်မတီ ဦးလှဆန်း၊ ဦးနန္ဒ၊ ဦးမင်းမင်းထွဋ်၊ ကော့မှူးအနောက်ခြမ်းတာဝန်ခံ များဖြစ်သော ဦးမြတ်ဟိန်းကျော်၊ ဒေါ်မြမြမိုး၊ဦးကိုကိုလွင်နှင့်ရပ်/စည်း ခေါင်းဆောင်များ စုပေါင်းဝန်းရံ အင်အား ၁ဝဝ ကျော်ဖြင့် စည်းရုံး လှုံ့ဆော် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံ ကျေးရွာများမှ နွေးထွေးလှိုက်လှဲ စွာကြိုဆိုကြကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)