ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည် – ဦးစိုင်းကျော်တင်ရွှေ
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – ဒသမတန်း
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – မိုင်းရှူးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

ဦးစိုင်းကျော်တင်ရွှေ၏ ကိုယ်ရေးအကျဉ်း
*************************************
၁၉၅၆ခုနှစ်တွင် အဖ ဦးဖိုးကြည် အမိဒေါ်နန်းထူးတို့မှ မိုင်းရှူးမြို့တွင် မွေးဖွားခဲ့သည်။ ရှမ်းလူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်နန်းအောင်ဆာဖြစ်သည်။ အမှတ် ၄/၇ မဟာဗန္ဓုလလမ်း ရပ်ကွက်(၄) မိုင်းရှူးမြို့တွင် နေထိုင်ပါသည်။

ဆောင်ရွက်ခဲ့သောအဖွဲ့အစည်းနှင့် လူမှုရေးလုပ်ငန်းများ
***************************************************
ဦးစိုင်းကျော်တင်ရွှေသည် အလက မိုင်းရှူး၊ အထက(၄)တောင်ကြီးတို့တွင် ပညာသင်ကြားခဲ့ သည်။ စေတနာ့ဝန်ထမ်းကျောင်းဆရာ၊ လှိုင်နှိုင်းရွာ (သ.က.ဆ.ဖ)ခေါင်းဆောင်အဖြစ် တာ ဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါသည်။ လူမှုရေး လုပ်ငန်းများအနေဖြင့် မြို့နယ်အတွင်းရှိ သာရေး/နာရေး လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်လျက်ရှိပါသည်။

အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။