ရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီးမှ ပေးပို့သော ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော် သဝဏ်လွှာအား ပွဲတော်ကျင်းပရေးကော်မတီထံ ပေးအပ်

 

မွန်ပြည်နယ် ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ၂၈.၁၂.၂၀၁၆ ကျောင်းရွာကျေးရွာတွင် ကျင်းပသည့် (၇၉)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ် ကူးပွဲအကြို အခမ်းအနားသို့ သွားရောက် ကြပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီးမှ ပေးပို့သော (၇၉)ကြိမ်မြောက် ကရင် အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာကိုပေးအပ်ပြီး မြို့နယ်ပါတီမှ အခမ်းအနားကျင်းပရေးအတွက် အလှူငွေ တစ်သိန်းကျပ် လှူဒါန်းရာ အခမ်းအနားကျင်းပရေးကော်မတီဝင် စောအယ်ဒါးမှ လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဌနှင့်အဖွဲ့သည် ဆရာတော်ဦးခန္တီအား သွားရောက် ဖူးမျှော်ပြီး လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ကြောင်း သိရသည်။

ပါတီဥက္ကဌကြီး၏ နှစ်သစ်ကူးသဝဏ်လွှာအား (၇၉)ကြိမ်မြောက် ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပမည့် ၂၉.၁၂.၂၀၁၆ ရက်နေ့တွင် ဖတ်ကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်