ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရှားတောမြို့နယ်ပါတီတို့ ပွန်ချောင်းကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံခြင်း

 

ရှားတော၊ သြဂုတ် ၁၃

(၁၃-၈-၂၀၁၈) ရက်နေ့ ညနေ (၅း၁၅) နာရီမှ (၆း၁၅) နာရီအချိန်အထိ ကယားပြည်နယ် ရှားတောမြို့နယ် ပွန်ချောင်းကျေးရာ ခန်းမဆောင်တွင် ပါတီဝင်များနှင့် တွေ့ဆုံပါသည်။ ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်မှ မိတ်ဆက်အမှာစကား ပြောကြားပါသည်။
ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းက လမ်းညွှန်အမှာစကား ပြောကြားသွားပါသည်။
ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အလုပ်အမှုဆောင် ရှားတောမြို့နယ်တာဝန်ခံ ဦးရဲဝင်းမှ လက်ရှိနိုင်ငံရေးဖြစ်စဉ်များ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအခြေအနေများအား ရှင်းလင်းဆွေးနွေးသွားပါသည်။
ယင်းနောက် တက်ရောက်လာကြသော ပါတီဝင်များမှ ကျေးရွာလိုအပ်ချက်များ အပြန်အလှန် အသီးသီး ဆွေးနွေး တင်ပြကြပါသည်။
၎င်းတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ရှားတောမြို့နယ်တာဝန်ခံများ ဖြစ်ကြသည့် ဦးဌေးရယ်နှင့် ဦးရဲဝင်း၊ ပြည်နယ်ကော်မတီဝင် ဦးတင်ဦးနှင့် ဒေါ်ဗျားမြာမောင်၊ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးလောရင်း၊ ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်ညို၊ ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဟန်ထူး၊ ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဒေါ်တင်လှ စုစုပေါင်း အင်အား (၅၀) ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ