ဇွန် ၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။
ဆဋ္ဌမအကြိမ်ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ဒုတိယနေ့အား နံနက်ပိုင်းအခမ်းအနားအစီအစဉ်(၉)ရပ်၊ မွန်းလွဲပိုင်းအခမ်းအနားအစီအစဉ် (၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် အစည်းအဝေးအား ကြွေးကြော်သံများ ဟစ်ကြွေး၍ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။