ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒက္ခိဏသီရိမြို့နယ် ပါတီဝင်လူငယ်များနှင့် တွေ့ဆုံ

 

နေပြည်တော် မေ ၂၆

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်အုပ်စု ရပ်/ကျေး ပါတီရုံး၌ ယမန်နေ့ နံနက် ၈နာရီတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးနှင့် ပါတီဝင်လူငယ်များ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ တပ်ကုန်းမြို့နယ် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

နေပြည်တော် မေ ၂၆

ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ကျေးရွာများသို့ သွားရောက်၍ ပါတီဝင်များ၊ ပြည်သူလူထုများနှင့် တွေ့ဆုံ၍ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေရှားပါးသောကျေးရွာသို့ သာက်ရေသန့်များ သွားရောက်လှူဒါန်း

 

နေပြည်တော် မေ ၂၃

ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် နွေရာသီသောက်သုံးရေ ရှားပါးနေသော အောင်သာအုပ်စုသို့ သွားရောက်၍ သောက်ရေသန့် ၂ဝ လီ တာ ဘူး ၂ဝဝ သွားရောက်လှူ ဒါန်းခဲ့သည်။

ဘုရားသန့်ရှင်းရေး ကုသိုလ်စုပေါင်း ဆောင်ရွက်ခြင်းအား ပြည်ထောင်စုနယ်မြေနာယက တက်ရောက်အားပေး

 

လယ်ဝေး မေ ၂၂

ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်၌ ယမန်နေ့ နံနက် ၇ နာရီ ခွဲမှ ၉ နာရီအထိ လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သမိုင်းဝင်ဖောင်တော်ချက်မ ဘုရားပွဲတော်ရက်အတွင်း စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြု ဆောင်ရွက်ရာသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ နာယက ဦးမျိုးညွန့်နှင့် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်းတို့ တက်ရောက်အားပေး ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျောက်ချက်အုပ်စုတွင် ပါတီဆိုင်းဘုတ်တင်

 

နေပြည်တော် မေ ၂၂

ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ကျောက်ချက်အုပ်စု ကျောက်ချက်ကျေးရွာ ရွာခွဲခေါင်းဆောင် ဦးတင်နိုင်ဦး နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီ ကျောက်ချက်အုပ်စု ပါတီရုံး ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နာရေးကူညီမှုအသင်းနှင့် ဘုန်းတော်ကြီးကျောင်း လမ်းခင်းရန် ငွေလှူဒါန်း

 

နေပြည်တော် မေ ၁၆

ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုအုပ်စု တောင်ညိုကျေးရွာအုပ်စု ပါတီရုံး၌ ယမန်နေ့ နံနက် ၈ နာရီခွဲမှ ၁ဝ နာရီခွဲထိ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နာရေးကူညီမှုအသင်း တောင်ညိုနှင့် ဘုန်းတော်ကြီး ကျောင်းလမ်းခင်းရန် အလှူငွေများ သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲကျင်းပ

 

မေ ၁၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေတွင် ၁၅-၅-၂၀၁၉ ရက်နေ့ နံနက် ၀၈၃၀နာရီအချိန်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ရေးဟောပြောပွဲအား ဇမ္ဗူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် လေဘေးသင့် ပြည်သူများထံသို့ သွားရောက်ကူညီ ထောက်ပံ့

 

နေပြည်တော် မေ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေသည် ယမန်နေ့ နံနက် ၈ နာရီက ဥတ္တရသီရိမြို့နယ် မောင်းရမ်းအုပ်စုအတွင်း ဧပြီ ၁၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့ရသည့် ပြည်သူများကို သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။ ထိုသို့သွားရောက် တွေ့ဆုံအားပေးရာ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်းဆွေနှင့်အတူ ပြည်ထောင်စုနယ်မြေ ပါတီနာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးကျော်ဌေး၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးအောင်မြင့်ကြိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ကော်မတီဝင်များ လိုက်ပါခဲ့ပြီး အိမ်ထောင်စု ၅၇ စု အတွက် တစ်အိမ်လျှင် ဆန်ခြောက်ပြည်အိတ် တစ်အိတ်နှုန်း ကူညီထောက်ပံ့ ခဲ့သည်။

ဇေယျာသီရိမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လူထုဟောပြောပွဲပြုလုပ် ===========

 

နေပြည်တော်၊ မေ ၈

ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး၊ ပုဒ်မ ၂၆၁ ကို ဥပဒေအရ ပြင်ဆင်အတည်ပြုနိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လူထုဟောပြောပွဲကို နေပြည်တော်ကောင်စီ၊ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် (၉း၀၀) နာရီက ပြုလုပ်ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်ကတ်များ နေ့ချင်းပြီး မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော် မေ ၇

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပါတီဝင်အသစ်များအား ပါတီဝင် ကတ်များ နေ့ချင်းပြီး ထုတ်ပေးသည့် အစီအစဉ်ကို တပ်ကုန်းမြို့နယ် ပါတီရုံး၌ ယမန်နေ့ နံနက် ၉ နာရီမှစ၍ ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ တာဝန်ခံ ဦးဖေအံ့မောင်၊ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဇော်မျိုးသိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ဦးဆောင်၍ အဆိုပြုလွှာ ဖြည့်သွင်းခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ ပါတီဝင်ကတ်များ ချက်ချင်းထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ယနေ့ ပါတီသို့ ဝင်ရောက်လာသော တပ်ကုန်း မြို့နယ်မှ ပါတီဝင် ၅၆ ဦး၏ ပါတီဝင်ကတ်များကို နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း သိရသည်။