ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နာရေးကူညီမှုအသင်းနှင့် ဘုန်းတော်ကြီးကျောင်း လမ်းခင်းရန် ငွေလှူဒါန်း

 

နေပြည်တော် မေ ၁၆

ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုအုပ်စု တောင်ညိုကျေးရွာအုပ်စု ပါတီရုံး၌ ယမန်နေ့ နံနက် ၈ နာရီခွဲမှ ၁ဝ နာရီခွဲထိ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နာရေးကူညီမှုအသင်း တောင်ညိုနှင့် ဘုန်းတော်ကြီး ကျောင်းလမ်းခင်းရန် အလှူငွေများ သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

အဆိုပါ နာရေးကူညီမှုအသင်း အလှူငွေ ပေးအပ်ပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးကျော်ဌေး၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဒေါ်သီတာ ထွေး၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် ဦးအောင်မြင့်ကြိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် မြို့နယ် ကော်မတီဝင်များက အသင်းအတွက် အလှူငွေ ကျပ်တစ်သိန်း ပေးအပ်ခဲ့ရာ အသင်းတာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။  ဆက်လက်၍ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးနှင့် အဖွဲ့သည် မိုးစွေအုပ်စု၊ မိုးစွေကျေးရွာနှင့် သစ္စာမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းလမ်း ကွန်ကရစ်ခင်းနိုင်ရေးအတွက် အလှူငွေ ကျပ်နှစ်သိန်းသွားရောက် လှူဒါန်းခဲ့ရာ ကျောင်းထိုင်ဆရာတော်မှ လက်ခံရယူခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဘာသာ၊ သာသနာအကျိုးကို ယခုထက်ပိုမိုစောင့် ရှောက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့ သာဓု ခေါ်ဆိုခဲ့ကြောင်း သိရသည်။   အောင်အောင်