ဇမ္ဗူသီရိမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲကျင်းပ

 

မေ ၁၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေတွင် ၁၅-၅-၂၀၁၉ ရက်နေ့ နံနက် ၀၈၃၀နာရီအချိန်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ရေးဟောပြောပွဲအား ဇမ္ဗူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

ဟောပြောပွဲတွင် ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်ပါတီ ကော်မတီဝင် ဦးဝင်းကြိုင်တို့မှ ဟောပြောခဲ့ပြီး စုစုပေါင်း တက်ရောက်အင်အား ၂၀၀ ခန့်ရှိကြောင်း သတင်းရရှိ ပါသည်။