သီရိပျံချီသူရဦးအေးမြင့် ကနန်းဒေသမုနိရံသီရွှေပြည်အေးစေတီတော်ထီးတော်တင်လှ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုဦးဆောင်ကော် မတီ သီရိပျံချီသူရဦးအေးမြင့်သည် ယခုလ ၁၃ ရက် (၁၃၇၈ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်) နံနက် ၉ နာရီတွင် ကသာခရိုင် ဗန်းမောက်မြို့နယ် ကနန်းဒေသ မန်ကျည်းကုန်း ကျေးရွာအုပ်စု နန်း တောကျေးရွာအရှေ့ဘက် ဓမ္မပါလ ကုန်းမြေပေါ်တွင် တည်ထားကိုး ကွယ်သည့် မုနိရံသီရွှေပြည်အေး ဆုတောင်းပြည့်စေတီတော်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တင်လှူပူဇော် ခဲ့သည်။

အဆိုပါ တင်လှူပူဇော်ပွဲသို့ ကနန်းဒေသတွင် သတင်းသုံးနေ ထိုင်သည့် ဓမ္မာစရိယဆရာတော် သံဃာတော်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟို ကော်မတီဝင်များ၊ ကသာခရိုင်နှင့် ဗန်းမောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ ပါတီကော်မတီဝင်များ၊ ဒေသခံ ပြည်သူလူထုများ သောင်းသောင်း ဖြဖြဝမ်းသာအားရ တက်ရောက်ပူ ဇော်ကြည်ညိုကြသည်။
မုနိရံသီရွှေပြည်အေးစေတီ တော်သည် ကနန်းဒေသဇီးဖြူ တောင်တန်း အရှေ့ဘက်တောင် နှာမောင်းပေါ်တွင် တည်ရှိပြီး ယခင်ဘိုးဘွားများ တည်ထားကိုး ကွယ်ခဲ့သော စေတီဟောင်းတစ် ဆူမှ ရောင်ခြည်တော်များ ကွန့်မြူး သဖြင့် ကနန်းဒေသခံပြည်သူလူထု တို့၏တောင်းဆိုချက်အရ အလှူရှင် သီရိပျံချီ သူရဦးအေးမြင့်နှင့် စန်း မြတ်ရောင်ခြည်ဦးဇော်မင်းဦးတို့က ယခုနှစ်အတွင်း အသစ်တစ်ဖန်ပြန် လည်ပြုပြင်မွမ်းမံတည်ထား ကိုး ကွယ်သော စေတီတော်တစ်ဆူဖြစ် ကြောင်း သိရသည်။

အေးဇေယျာ