တမူးပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်

 

တမူးပြည်​ခိုင်​ဖြိုးပါတီ ပါတီ​ရေးရာ လုပ်​ငန်းညှိနိုင်း​ ဆွေး​နွေးပွဲကို ပြည်​ခိုင်​ဖြိုးပါတီ `​ရွှေခြ​င်္သေ့´ခန်းမတွင်​ ယမန်နေ့ ၁၅း၀၀ နာရီအချိန်​၌ စတင်​ကျင်းပ ပြုလုပ်​ပါသည်​။

အခမ်းအနားကို ခရိုင်​ပါတီဥက္ကဋ္ဌ ဦးခင်​​မောင်​​ရွှေနှင့်​​ ကောင်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးမြင့်​​အောင်​နှင့် ကော်မတီဝင်​များ၊ မြို့မ၊​ ဈေးတန်း၊​ စော်​ဘွားနှင့်​စန္ဒကူးရပ်​ကွက်​တို့မှ ရပ်​ကွက်​ပါတီဥက္ကဋ္ဌများနှင့်​ ​ကော်မတီဝင်​များနှင့်​ ပါတီဝင်​ပြည်​သူများ တက်​​ရောက်​ကြပါသည်​။

ရှေးဦးစွာ ခရိုင်​ပါတီဥက္ကဋ္ဌ ဦးခင်​​မောင်​​ရွှေမှ တက်​​ရောက်​လာသူများအား နှုတ်​ခွန်းဆက်​ အမှာစကား​ ပြောကြားပြီး ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ သိမှတ်​ဖွယ်​ရာများနှင့် ပါတီလုပ်​ငန်းဆိုင်​ရာ ကိစ္စရပ်​များတို့ကို အကျယ်​၀င့်​ရှင်း​လင်း​ပြောကြားကာတက်​​ရောက်​လာသူများ၏​ ဆွေး​နွေးတင်​ပြချက်​များကို ပြန်​လည်​ရှင်းလင်း ပြောကြာပါသည်​။

ဆက်​လက်​၍ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်​မှ ဖြည့်​စွတ်​စကား​ ပြောကြားပြီး တက်​​ရောက်​လာသူများအား လက်ဖက်​ရည်​၊ မုန့်​တို့ဖြင့် ကျွေး​မွေးဧည့်ခံကာ အခမ်းအနားကို ၁၆း၁၅ နာရီတွင်​ ​အောင်​မြင်စွာ ရုပ်​သိမ်းလိုက်​ပါသည်​။

Sawaung Pwint