ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင်ဒေါက်တာနန္ဒာလှမြင့်သြစတြေးလျနိုင်ငံအစိုးရအဖွဲ့၏ Office Of National Assessments (ONA)အရှေ့တောင်အာရှရေးရာဌာနခွဲမှ ဆန်းစစ်လေ့လာရေးအရာရှိအားလက်ခံတွေ့ဆုံ

 

နေပြည်တော် သြဂုတ် ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်သည် သြစ တြေးလျနိုင်ငံအစိုးရအဖွဲ့၏ Office Of National Assessments (ONA) အရှေ့တောင်အာရှရေးရာဌာနခွဲမှ ဆန်းစစ်လေ့လာရေးအရာရှိ Ms. Susannah Patton အားယနေ့ မွန်းလွဲ၂နာရီခွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများအားရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာ လှမြင့်နှင့်အတူ နိုင်ငံတကာရေးရာ ကော်မတီ ဌာနမှူးဦးမြင့်ကိုကို တက်ရောက်ခဲ့ကြပြီးသြစတြေးလျ နိုင်ငံအစိုးရအဖွဲ့၏ Office Of National Assessemns (ONA) ၊ အရှေ့တောင်အာရှရေးရာဌာနခွဲမှ ဆန်းစစ်လေ့လာရေးအရာရှိ Ms. Susannah Patton နှင့်အတူ အဖွဲ့ ဝင်နှစ်ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုးဇော်(နေပြည်တော်)