ခင်ဦးမြို့၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် ဒုရဲမှူး တစ်ဦး အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ဟုဆို

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ခင်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်၌ ဒုတိယရဲမှူးတစ်ဦးအပါအဝင် လုံခြုံ​ရေးတပ်ဖွဲ့ဝင် ​၁၀ ဦး​​ကျော် ​​သေဆုံးခဲ့​ကြောင်း Narapati Local Guerrilla Revolution Force(NLGRF)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ခင်ဦးမြို့နယ်တွင် ​ဒေသခံကာကွယ်​ရေး ပူး​ပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု​ကြောင့် ဒုတိယရဲမှူးတစ်ဦး အပါအဝင် ၁၄ ဦး ​သေဆုံးခဲ့​ကြောင်း Narapati Local Guerrilla Revolution Force(NLGRF)၏ သတင်းထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ခင်ဦးမြို့နယ်၊ ကံသစ်ရွာအ​နောက်ဘက် မူး​ချောင်းတံတားအနီးတွင် လုံခြုံ​ရေးတပ်ဖွဲ့ဝင်များနှင့် ပျူ​စောထီးများ ထွက်ခွာလာစဉ် NLGRF အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

NLGRF ၏ ထုတ်ပြန်ချက်တွင် ကားတစ်စီး​ပေါ်၌ ပစ်ခတ်ခံရ၍ ​သေဆုံး​နေသည့် လုံခြုံ​ရေးတပ်ဖွဲ့ဝင်များနှင့် ဒုတိယရဲမှူးအဆင့်ရှိသူတစ်ဦး၏ အ​ဆောင်အ​ယောင်တံဆိပ်များကို ​ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် ​ဒေသခံပူး​ပေါင်းကာကွယ်​ရေးအဖွဲ့မှ အဖွဲ့ဝင် နှစ်ဦး ကျည်ဆံထိမှန်ခဲ့​သော်လည်း မစိုးရိမ်ရ​ကြောင်း ​ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။ source: Eleven