၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းဝင်ခွင့်လျှောက်လွှာများခေါ်ယူနေ

ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျန်မာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွယ်တက္ကသိုလ်များ၌ဖွင့်လှစ်မည့် ဘွဲ့လွန် ဆေးပညာ သင်တန်း ဝင်ခွင့်လျှောက်လွှာများအားခေါ်ယူလျက်ရှိသည်။

ဘွဲ့လွန်ဆေးပညာဒီပလိုမာသင်တန်းများ၊ဆေးပ ညာမဟာသိပ္ပံသင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများအား တက်ရောက်လိုသူများသည် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပါက တက်ရောက်လိုသည့် တက္ကသိုလ်များသို့ ဘွဲ့လွန်သင်တန်းဝင်ခွင့် လျှောက်လွှာများအား သြဂုတ် ၁၉ ရက်နောက် ဆုံးထား၍ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ကြောင်း သိရသည်။ ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များ အား သိရှိလိုပါက ကျန်းမာရေး ဝန်ကြီးဌာန၏ Facebook Page နှင့် Website တို့၌ ဝင်ရောက်ကြည့်ရှု့နိုင်ကြောင်း သိရသည်။ အလားတူ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website နှင့်သက်ဆိုင်ရာတက္ကသိုလ်များ၏ Website များတွင်လည်းဝင်ရောက်ကြည့် ရှုနိုင်ကြောင်း သိရသည်။