လန်ဒန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရားခွင်ကို ယနေ့စတင်ဖွင့်လှစ်

 

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇ၀တ်မှုဆိုင်ရာ အမြင်များစုစည်းမည့်တရားခွင်ကို ယနေ့ (မတ်လ ၆ရက်) ကစ၍ လန်ဒန်ရှိ Queen Mary University of London၊ နိုင်ငံတကာ နိုင်ငံတော်အဆင့် ပြစ်မှုဆိုင်ရာ ဥပဒေသုတေသနဌာနတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာဆိုင်ရာ အမြင်များစုစည်းသည့်တရားခွင်သည် ရောမအခြေစိုက် အမြဲတမ်းပြည်သူ့ခုံရုံး (PPT) က ပထမဆုံး အကြိမ် ဖွဲ့စည်းခဲ့သည့် တရားခွင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဘင်္ဂါလီ (ရိုဟင်ဂျာ) နှင့် ကချင်ဒုက္ခသည်များ၏ တောင်းဆိုမှုကြောင့် ထိုတရားခွင်ကို ထူထောင်ပြီး မြန်မာအစိုးရတပ်ဖွဲ့ဝင်များက ကျူးလွန်သော လူသား မျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုများ၊ စစ်ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအပါအ၀င် နိုင်ငံတကာပြစ်မှု များကို ခံစားကြရကြောင်း ထိုလူ့အသိုက်အ၀န်းနှစ်ခုက  အများယုံကြည်လက်ခံသော စွပ်စွဲချက်များ ပြုလုပ်ထား သည်ဟု ဖော်ပြထားသည်။

ထိုတရားခွင်၏ ကျမ်းသစ္စာ ကျိန်ဆိုအခမ်းအနားဖွင့်လှစ်ကြားနာစစ်ဆေးမှုများကို နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ပြီး အများပြည်သူ ၀င်ရောက်ကြည့်ရှုနားထောင်နိုင်မည်ဟု PPT က ထုတ်ပြန်သည်။

မြန်မာဆိုင်ရာတရားခွင်ကို ဘင်္ဂါလီ၊ ကချင်နှင့် မြန်မာလူ့အခွင့်အရေး စည်းရုံးလှုံ့ဆော်သူများ ပါဝင်သည့် ဦးဆောင် ကော်မတီတစ်ရပ်က စီစဉ်ဖွဲ့စည်းသည်ဟု ဆိုသည်။ ဂျူရီခုံသမာဓိအဖွဲ့ဝင်များ ရွေးချယ်နေဆဲဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရိုးသားဖြောင့်မတ်မှု၊ ပညာရပ်ပိုင်းဆိုင်ရာအရည်အချင်း၊ ဒုက္ခသည်များအတွက် အလေးထားမှုတို့အပေါ် အခြေခံ၍ အမည်စာရင်း တင်သွင်းခံထားရသော ပုဂ္ဂိုလ်ကျော်များထဲမှ ရွေးချယ်မည်ဟု ဆိုသည်။

တရားခွင်၏ ကျွမ်းကျင်ပညာရှင် မျက်မြင်သက်သေများသည် Queen Mary University of London ၏ နိုင်ငံ တကာနိုင်ငံတော်အဆင့် ပြစ်မှုဆိုင်ရာဥပဒေသု တေသနဌာနညွှန်ကြားရေးမှူး ပါမောက္ခ ပင်နီဂရင်း၊ အာဖရိကနှင့် အရှေ့တောင်အာရှသမိုင်းနှင့် လူမျိုးနွယ်စုဆိုင်ရာ ကထိက ဒေါက်တာ Mandy Sadan၊ ဥပဒေနှင့် ပြစ်မှုဗေဒ ပါမောက္ခဒေါက်တာ သောမတ်စ်မက်မန်းနပ်စ်၊ လူ့အခွင့်အရေးလှုပ်ရှားသူဒေါက်တာ ဇာနည်၊ မလေးရှားအခြေစိုက် လူ့အခွင့်အရေးသုတေသနဌာနညွှန် ကြားရေးမှူးချုပ်ရှေ့နေ Azril Mohd Amin တို့ဖြစ်သည်။

ထိုတရားခွင် ဖွဲ့စည်းဆောင် ၏ရွက်မှုကို ပြည်ပအခြေစိုက်ကချင် အမျိုးသားအစည်းအရုံး (KNO) အတွင်းရေးမှူး Hkanhpa Sadan နှင့် ဘားမီးစ်ရိုဟင်ဂျာအသင်း ယူကေဥက္ကဋ္ဌ ဦးထွန်းခင်တို့က ကြိုဆိုကြောင်း ပြောကြား ထားသည်။

ယခုနှစ်နောက်ပိုင်း၌ ဂျူရီဆုံးဖြတ်ချက်မချမီ အမေရိကန် ပြည်ထောင်စုနှင့် မလေးရှားနိုင်ငံတို့၌လည်း နောက်ပိုင်း တရားခွင် ကြားနာမှုများ ပြုလုပ်ရန်ရှိကြောင်း ကြေညာချက်၌ ပါရှိသည်။

ရောမအခြေစိုက် အမြဲတမ်း ပြည်သူ့ခုံရုံး (PPT) တွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပညာရှင်များ၏ နိုင်ငံတကာ အသင်း ဥက္ကဋ္ဌဟောင်း Daniel Feierstein, ကမ္ဘောဒီးယားခမာနီခုံရုံး၏ ပြည်သူ့ရေးရာအရာရှိဟောင်း Dr. Helen Jarvis, ကုလသမဂ္ဂ၏ လက်ထောက်အတွင်းရေးမှူးချုပ် ဟောင်းဖြစ်ပြီး ဂန္ဒီ (၂၀၀၃) နိုင်ငံတကာငြိမ်းချမ်းရေး ဆုရှင် Denis Halliday စသည့် လူမျိုးတုံးသတ် ဖြတ်မှုဆိုင်ရာ လူသိများထင်ရှားသော ပညာရှင်များပါဝင်သည်။

# 7 Day Daily