ပထမအကြိမ်​အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ကျောင်းသား/သူများအတွက်​ ထီးများလှူဒါန်း

ပျဉ်းမနားမြို့နယ်ရှိ တောင်ပေါ်ဒေသတစ်ခုဖြစ်သော ဘန့်ဘားအုပ်စု အောင်ဘိတ်သိတ် ကျေးရွာ၌ ယခုနှစ်မှ ဖွင့်လှစ်ခွင့်ရခဲ့သော မူလတန်းလွန်ကျောင်းတွင် တက်ရောက်သင်ကြားမည့် ၅-တန်း၊ ၆-တန်း ကျောင်းသား/သူများအတွက် ထီးများနှင့်​ ဆရာ/ဆရာမများအတွက်​ မျက်​နှာသုတ်​ပုဝါများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ( ၂၂-၆-၂၀၁၇ ) ရက်နေ့ မနက် ( ၉ ) နာရီအချိန်က မြို့နယ်​ပါတီရုံးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ နာယက- ပထမအကြိမ်​အမျိုးသားလွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးမှတ်​ကြီး၊ ပြည်​​ထောင်​စုနယ်​​မြေ​ကော်မတီဝင် ဦးဝင်းမြင့်l ခရိုင်​​ကော်​မတီဝင်​ ​ဒေါ်ဖြူဖြူ​ကျော်​l မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များl ဘန့်​ဘားအုပ်​စုစည်းရုံး​ရေးမှူးနှင့်​ ​ကော်မတီဝင်​များ စုံလင်စွာ တက်ရောက်ကြပါသည်။

သီးနှံအာမခံလုပ်ငန်း ချက်ချင်းအကောင်အထည်ဖော်ရန်မသင့် ဥပဒေ နည်းဥပဒေရေးဆွဲ၍ အချိန်ယူဆောင်ရွက်သင့်ကြောင်း ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးသပ်အကြံပြု

မြန်မာ့လယ်ယာအခန်းကဏ္ဍ၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်နှင့် သဘာဝ ဘေးဒဏ်နှင့် အင်းဆက်ပိုးမွှားများ၏ ဘေးဒဏ် ကြောင့် ဆုံးရှုံးနစ်နာခြင်းများအတွက် သီးနှံအာမခံ ထားရှိရေးကိစ္စအား ဥပဒေ နည်းဥပဒေရေးဆွဲနိုင်ခြင်း မရှိသေးမီကာလအတွင်း ဆောလျင်စွာဆောင်ရွက်ရန် မသင့်ကြောင်းနှင့် ဥပဒေနည်းဥပဒေများ ရေးဆွဲပြီးမှ တောင်သူတို့အား အသိပညာပေး၍ အချိန်ယူဆောင်ရွက်သင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက လွှတ်တော်သို့ သုံးသပ်အကြံပြု ဆွေးနွေးခဲ့သည်။

လက်တွေ့လုပ်နိုင်မှုမှ စတင်၍ အကောင်အထည်ဖော်ရမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဝင်များနှင့် ဇွန်လ (၁၆) ရက် နံနက် ၉ နာရီအချိန်၌ တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားအား နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။

ပြည်​​ထောင်​စုနယ်​​မြေ ပါတီဥက္ကဋ္ဌ ဦး​ဝေလွင်​သည်​ မြို့နယ်​ပါတီ ဥက္ကဋ္ဌနှင့်​အဖွဲ့ဂင်​များအား ​တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်သည်  ( ၉-၆ -၂၀၁၇) ရက်နေ့ ၉ နာရီအချိန်က ပျဉ်းမနားမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီl မြို့နယ်ကော်မတီဝင်အဖွဲ့နှင့် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး အပြန်အလှန် တင်ပြဆွေးနွေး လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ ခေတ္တအတွင်းရေးမှူး ဒေါ်သီတာထွေး l ပျဉ်းမနားမြို့နယ် တာဝန်ခံများဖြစ်ကြသော ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်တို့လည်း တက်ရောက်ခဲ့ကြပါသည်။

ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြင့်လှိုင် မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ဇွန်လ (၇) ရက် နံနက် ၈ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမြင့်လှိုင် (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး – ငြိမ်း) သည် ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

(more…)


ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျောင်းသားကျောင်းသူများအား စာအုပ်စာတမ်းများလှူဒါန်း

ပျဉ်းမနားမြို့နယ်ရှိ တောင်ပေါ်ဒေသတစ်ခုဖြစ်သောဘန့်ဘားအုပ်စု အောင်ဘိတ်သိတ်ကျေးရွာ၌ ယခုနှစ်မှ ဖွင့်လှစ်ခွင့်ရခဲ့သော မူလတန်းလွန်ကျောင်းတွင် တက်ရောက်သင်ကြားမည့် ပဉ္စမတန်း၊ ဆဋ္ဌမတန်းကျောင်းသားကျောင်းသူ ၂၂ဦးအတွက် စာအုပ်စာတမ်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စု နယ်မြေကော်မတီဝင် ဦးဝင်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ စုံလင်စွာ တက်ရောက်ကြသည်။


(more…)


ပြည်ထောင်စုနယ်မြေရုံး၌ ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်းဖွင့်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် မေလ (၂၉) ရက် နံနက် ၉ နာရီက နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ဗဟိုအလုပ်အမှုဆောင်၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင် မှ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။

 

(more…)


စကားပြောချင်လျှင် တဲထဲဝင်လာနိုင် ဓားများကို တဲပြင်မှာထားခဲ့ဖို့လို

 

 

ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံအစည်း အဝေးကို နေပြည်တော်တွင် မေ ၂၄ရက် နံနက်ပိုင်းက စတင်ကျင်းပနေပြီ ဖြစ် သည်။ ယင်းအစည်းအဝေးကို မေ ၂၄ရက်မှ ၂၈ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။ အဆိုပါအစည်းအဝေးဖွင့်ပွဲတွင် နိုင်ငံရေးပါတီများ ကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ပြည်​​ထောင်​စုငြိမ်းချမ်း​ရေးညီလာခံ(၂၁)ရာစု-ပင်​လုံတွင်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသန်း​ဌေး ၏ကြိုဆိုနှုတ်​ခွန်းဆက်စကားမှ​ကောက်​နှုတ်​ချက်

 

ပြည်​​ထောင်​စုငြိမ်းချမ်း​ရေးညီလာခံဟာ(တစ်​နိုင်​ငံလုံးပစ်​ခတ်​တိုက်​ခိုက်​မှုရပ်​စဲ​ရေး သ​ဘောတူစာချုပ်​)
NCA ရဲ့အကျိုးရလဒ်​တစ်​ခုဖြစ်​ပါတယ်​။တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့အစည်း(၁၆)ဖွဲ့ကိုယ်​စားပြုတဲ့ NCCTနဲ့အစိုးရကိုကိုယ်​စားပြုတဲ့ UPWC တို့​ဆွေး​နွေးမှုအကြိမ်​(၃၀)ခန့်​ကိုအချိန်​(၁၇)လကြာပြုလုပ်​ခဲ့ပြီး ၂၀၁၅ခုနှစ်​၊မတ်​လ(၃၁)ရက်​​နေ့မှာ NCA
single test(မူကြမ်း)ကိုနိုင်​ငံ​တော်​သမ္မတ​ရှေ့​မှောက်​မှာလက်​မှတ်​​ရေးထိုးနိုင်​ခဲ့ပါတယ်​။NCAမူ​ချောကိုအဆင့်​ဆင့်​ဆက်​လက်​ညှိနှိုင်းပြီး ၂၀၁၅သြဂုတ်​လ (၇)ရက်​မှာသ​ဘောတူနိုင်​ခဲ့သဖြင့်​​အောက်​တိုဘာလ (၁၅)ရက်​မှာ ​နေပြည်​​တော်​ MICC-2 ခန်းမမှာတိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့(၈)ဖွဲ့မှ​ခေါင်း​ဆောင်​များနဲ့ပြည်​တွင်းပြည်​ပသက်​​သေများ၏​ရှေ့​မှောက်​မှာလက်​​မှတ်​​ရေးထိုးခဲ့ကြခြင်းဖြစ်​ပါတယ်​။
==============================


လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသောနေအိမ်များအား ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှထောက်ပံ့

 

ပြည်ထောင်စုနယ်မြေ နေပြည် တော်တပ်ကုန်းမြို့နယ်သပြေချောင်း အုပ်စု ဇီးကုန်းကျေးရွာတွင် ယခုလ ၁ဝရက် ညနေပိုင်း၌လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ် ၁ဝလုံး ပြိုလဲ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။အဆိုပါ တပ်ကုန်းမြို့နယ် ဇီးကုန်းကျေးရွာအတွင်း လေပြင်း တိုက်ခတ်ရာတွင် အိမ်ပြိုလဲခြင်း၊ အိမ်ခေါင်မိုးလန်ခြင်းများဖြစ်ပေါ်ခဲ့ ရာ ကျေးရွာသို့ ယနေ့နံနက် ၁ဝ နာရီမှစတင်၍ ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင် များ၊ နေပြည်တော်ဒက္ခိဏခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်ကော်မတီဝင် များ၊ တပ်ကုန်းမြို့နယ်အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ရပ်/ ကျေး စည်းမှူးနှင့်ကော်မတီဝင်များ လိုက်ပါ၍ ကျေးရွာအတွင်းမှ ပျက်စီးဆုံးရှုံးသွားသော မိသားစုနေအိမ်များသို့ ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့်အဖွဲ့မှ သွားရောက်၍ အားပေး စကားပြောကြားပြီး ဆန်၊ ဆီများ ထောက်ပံ့ပေးခဲ့ရာ ရပ်မိရပ်ဖ ဦးအောင်လွင်က ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောခဲ့ကြောင်း သိရသည်။