နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှ အာရုံဆွမ်းကပ်လှူခြင်းနှင့်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ဇူလိုင် ၂၅၊ နေပြည်တော်

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထန်းတပင်တောရကျောင်းတိုက်ရှိ ဝါဆိုသံဃာများအား အာရုံဆွမ်းလောင်းလှူပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေ ပါတီနာယကနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။