ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ မြို့နယ်ပါတီကော်မတီများနှင့်တွေ့ဆုံ

နေပြည်တော် ဩဂုတ် – ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်သည် နေပြည်တော် ပြည်ထောင်စုနေ မြေပါတီကော်မတီဝင်များနှင့်အတူ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့ နံနက် ၉ ရက်နေ့က ပုပ္ပသီရိမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်တိုမှ ပါတီ ဥက္ကဋ္ဌများ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ရှေ့ဦးစွာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင် ဦးလှဆွေနှင့် ဒေါ်ယဉ်မင်းမြင့်ဆွေတိုမှ ဆွေးနွေးပြောကြားသည်။ ထို့နောက် ဥတ္တသီရိမြို့နယ်နှင့် ပုပ္ပသီရိမြို့နယ်တိုမှ မြို့နယ် ဥက္ကဋ္ဌများ မြို့နယ်ပါတီကော်မတီဝင်များမှ ဆွေးနွေးတင်ပြခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ဥက္ကဋ္ဌများ ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။