ကန်ကြီးထောင့်မြို့နယ်တွင်ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်

 

ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ရုံးဝန်ထမ်းများနှင့် ရပ်/ကျေးအမာခံ ပါတီဝင်များ စုစုပေါင်း ၆၅၅ ဦးက ပါတီနှစ်စဉ် ကြေးကျပ် ၆၅၅ဝဝဝ ကို စုပေါင်းပေးအပ်ခဲ့ကြသည်။

နှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်ခင်စောမူ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာ ထိန်ဝင်း၊ ပုသိမ်ခရိုင် အတွင်းရေးမှူးဦးကျော်ကျော်နှင့် ခရိုင် တာဝန်ခံ ဒေါ်သက်သက်လွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ရပ်/ကျေး ပါတီဝင်များ စုစုပေါင်းအင်အား ၁ဝဝ ကျော်တက်ရောက်ခဲ့ ကြောင်း သိရသည်။

ဇလွန်ပြည်ခိုင်ဖြိုးပါတီ မြန်မာ့ အလုပ်အကိုင် အခွင့်အလမ်းများပြပွဲသို့ သွားရောက်လေ့လာ

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးနိုင်လင်း ဦး ဆောင်သောအဖွဲ့သည်ရန်ကုန် မြို့တွင် ကျင်းပသော ဒသမ အကြိမ်မြောက် မြန်မာ့အလုပ် အကိုင်အခွင့်အလမ်းများပြပွဲသို့ ယခုလ ၁၄ ရက်နံနက်ပိုင်းက LCCI ၊ ကွန်ပျူတာသင်တန်း သား သင်တန်းသူ ၁၄ ဦး တို့ သွားရောက်လေ့လာကြ ကြောင်းသိရသည်။

ဒေဒရဲပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အမျိုးသမီးရေးရာ အပ်ချူပ်စက်များ ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်

 

ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်ပါတီရုံး၌ ပါတီ
အမျိုးသမီးရေးရာအဖွဲ့၏ အရစ်ကျသွင်းစနစ်ဖြစ် အပ်ချုပ်
စက်ပေးအပ်ပွဲအခမ်းအနားသို့ တိုင်း ခရိုင် အလုပ်မှုဆောင်များ၊ မြို့နယ် ပါတီအတွင်းရေးမှူးနှင့်အလုပ်မှုဆောင် များ၊ လှုမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဒေးဒရဲ မြို့နယ် မိချောင်းအိုင်၊
ကျုံဘုတ်၊ မရမ်းကျေးရွာမှ စက်ချုပ်သင်တန်းဆင်းအမျိုး
သမီးငယ်များအား တနိုင်တပိုင် သက်မွေးဝမ်းကျောင်း
စီးပွားရေးလုပ်ကိုင်နိုင်ရန်အတွက် တိုင်းပါတီကော်မတီ
ဝင်ဒေါ်စိုးစိုးရီ၏ ချိတ်ဆက်ဆောင်ရွက်ပေးမှုဖြင့် အပ်
ချုပ်စက် ၄လုံးနှင့် ဓားစက် ၁လုံး ကို( ၁၀ )လဆိုင်း
အရစ်ကျသွင်းစနစ်ဖြင့် ဝယ်ယူပေးအပ်ပေးခဲ့ခြင်း
ဖြစ်ကြောင်းသတင်းပေးပို့ပါသည်။

ကန်ကြီးထောင့်တွင် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီးကန် ကြီးထောင့်မြို့နယ်ကွမ်းသီးပင်ဆိပ် ကျေးရွာအုပ်စု ကွမ်းသီးပင်ဆိပ် ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အဖွဲ့ခေါင်းဆောင်ဦးဝေဇော်လင်း ၏နေအိမ်ရှေ့တွင်ပါတီနှစ်စဉ်ကြေး ငွေစုပေါင်းပေးအပ်ပွဲကျင်းပခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက် ကြသည့် ကွမ်းသီးပင်ဆိပ်ကျေးရွာ မှ ပါတီဝင် ၁၉ဝဝ က ပါတီနှစ်စဉ် ကြေးငွေစုစုပေါင်း ကျပ် ၁၉ဝဝဝဝ ပေးအပ်ခြင်းအခမ်းအနား ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

စာပေဟောပြောပွဲနှင့် ၁၄နှစ်အောက် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲနှင့် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာမင်း အားကစားခန်းမတွင် ယခုလ ၄ရက် ညပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် စာရေးဆရာ ဦးကျော်ကျော်လှိုင်က လူငယ်များ ကြီးပွားတိုးတက်အောင်မြင်ရေးအတွက် အချက်ခုနစ်ချက်ဖြင့် လူငယ် များ သိသင့်သိထိုက်သည်များ၊ အသိပညာ အတတ်ပညာဗဟုသုတ များတိုးပွားရေးတို့ကို အကျယ်တဝင့်ဟောပြောပြီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ကမ်းနားလူငယ်အသင်း၊ ဒုတိယဆုရ ညောင်အိုင်လူငယ် အသင်းတို့အား ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးနိုင်လင်းက ဆုများ အသီးသီးပေးအပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးချိုမြင့်ခိုင်က ကျေးဇူး တင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ ယင်းအခမ်းအနားတွင် ဇလွန်မြို့နယ်မှ စာပေဝါ သနာရှင်များ၊ အားကစားသမားများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ အင်အား ၃ဝဝကျော်တက်ရောက်ခဲ့သည်။

ဘိုကလေးပြည်ခိုင်ဖြိုးရဲ့ အလှူဒါန

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ အလှူဒါနအဖြစ် ဘိုကလေးမြို့နယ် ကုတင်(၁၀၀)ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသော လူနာများနှင့် လူနာရှင်မိသားစုများအတွက် ဇန်န၀ါရီလ (၄) ရက် နေ့လည်စာ ထမင်းနှင့် သီးစုံဟင်း၊ ဘဲဥကြော် တို့ကို မေတ္တာဝါဒီဖောင်ဒေးရှင်းမှ အာဟာရဒါန(၁) တို့ကို သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။

ဝါးခယ်မမြို့နယ်ကော်မတီနှင့် ရပ်/ကျေးကော်မတီ လပတ် လုပ်ငန်းညှိနှိုင်း စည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးရွာပါတီကော်မတီ လပတ် အစည်းအဝေးကို ဇန်န၀ါရီ (၃) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီ ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

(more…)


ဆုနှင်းသဘင်အခမ်းအနား တက်ရောက်ချီးမြင့်

 

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် အုတ်တွင်းအုပ်စု၊ စမ်းကုန်းကျေးရွာ၊ အ.မ.က စမ်းကုန်းတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ပညာရည်ချွန် ဆုနှင်းသဘင်အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ ကြံခင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးမျိုးမင်းထွဋ်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက် ချီးမြင့်ခဲ့ကြသည်။

ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို မြို့နယ် ပြည်သူ့ အားကစားကွင်းတွင် ယခုလ ၂၅ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။