ဝါးခယ်မမြို့နယ်ကော်မတီနှင့် ရပ်/ကျေးကော်မတီ လပတ် လုပ်ငန်းညှိနှိုင်း စည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးရွာပါတီကော်မတီ လပတ် အစည်းအဝေးကို ဇန်န၀ါရီ (၃) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီ ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဌ က ဗဟိုဌာနချုပ် အတိုင်ပင်ခံ၏ လမ်းညွှန်ချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် မြို့နယ်ပါတီ အတွင်းရေးမှူးက ၂၀၁၇ ခုနှစ် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို တစ်လခြင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ရေးရာအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်း တာဝန်ခံ များမှ ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသော ကော်မတီဝင်များ မှသိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ကာ အစည်းအဝေးကို နေ့လည် (၁၂) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

USDP Ayeyarwady Region News