ကော့မှူးပြည်ခိုင်ဖြိုးပါတီ ကျေးရွာများအရောက် Social Media အခြေခံသင်တန်း ထပ်မံဖွင့်လှစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မီဒီယာအခန်းကဏ္ဍကို အရှိန်အဟုန်မြှင့် အားပေးဆာင်ရွက် လမ်းညွှန်မှုများအရ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာများအရောက် တစ်ရွာပြီး တစ်ရွာ မီဒီယာအခြေခံသင်တန်းများကို ကွင်းဆင်းပို့ချလျက်ရှိရာ ကော့မှူးမြို့နယ် အနောက်ခြမ်း တိုက်နယ် ကျိုက်ထော်စံပြကျေးရွာ အုပ်စု အထက်ပိုင်း(၂)လမ်းကျေး ရွာပါတီခေါင်းဆောင် ဦးဌေးအောင် ၏နေအိမ်၌ ထပ်မံ၍ှ Social Media အခြေခံသင်တန်းအား ဇန်န၀ါရီ (၃) ရက် နံနက် ၈ နာရီခွဲ၌ ဖွင့်လှစ်ခဲ့ပြီး ဝါသနာပါ စိတ်ဝင်စားကြသူ ကျေးရွာအတွင်း ပါတီဝင်များ (ကျား ငါးဦး၊ မ ငါးဦး စုစုပေါင်း သင်တန်းသား သင်တန်း သူ ၁ဝ ဦး) တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို ကော့မှူး ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်၊ အနောက်ခြမ်း တာဝန်ခံ ဒေ မြမြမိုးက ကူညီဆောင်ရွက်ကြီးကြပ်၍ သင်တန်းနည်းပြအဖြစ် ကော့မှူး သတင်းမီဒီယာတာဝန်ခံ ဥာဏ်လင်းထက်၊ ကြယ်တံခွန်-နည်းပညာကွန်ရက်အဖွဲ့တို့မှ တာဝန် ယူသင်ကြားပို့ချပေးကြောင်း၊ ကျေးရွာများအရောက် Volunteer Training များ လိုက်လံဖွင့် လှစ်နေသည်ဖြစ်ကြောင်း၊Social Media ကဏ္ဍကို အထောက်အပံ့အထူးရရှိ စေနိုင်ဖို့ Online GP Training နှင့်Ground Training တို့ဖွင့်လှစ်၍ အနယ်နယ်အရပ်ရပ်မှ ပြည်ခိုင်ဖြိုး ညီအစ်ကိုမောင်နှမများအတွက် ဥာဏ်လင်းထက် ကြယ်တံခွန်နည်း ပညာကွန်ရက် မှလည်းကောင်း မေးမြန်းဆွေးနွေးနိုင်ပြီး Online မှ လည်း ပို့ချပေးနေသ ည်ဖြစ်ကြောင်း၊ ကျေးရွာများအရောက်သွား၍လည်း စဉ်ဆက်မပြတ် အခြေခံနှင့်အဆင့် မြင့် သင်တန်းအမျိုးအစားအလိုက် ချိတ်ဆက်မိအောင် သင်ကြားပေး မည်ဖြစ်ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)