ဇလွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဦးဆောင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖွင့်

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှဦးစီးကျင်းပ သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြ LCCI ကွန်ပျူ တာ အခြေခံသင်တန်းနှင့် ယာဉ် မောင်းသင်တန်းဖွင့်ပွဲအခမ်းအနား ကို ဇလွန်မြို့ ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်၊ သင်တန်းဆရာ ဦးမောင်မောင်ဦး တို့က မြို့နယ်အတွင်းရှိ လူငယ်များ စွမ်းရည်မြင့်မားစေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများအထောက် အကူပြုနိုင်စေရန် ၊ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်၊ သင်တန်းနှင့်ပတ် သက်သည့်အကြောင်းအရာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံး ချထားနိုင်ရေး၊ ပညာရေးနယ်ပယ် တွင် ခေတ်နှင့်လျော်ညီစွာ အသိ ပညာအတတ်ပညာများသင်ကြား နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရ ခြင်းရည်ရွယ်ချက်များကို အသီးသီး ပြောကြားခဲ့သည်။သင်တန်းကာလ မှာ တစ်ပတ်လျှင် နှစ်ရက်ဖြစ်ပြီး ဇန်နဝါရီလမှ ဧပြီလအထိ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ရာ သင်တန်း သား ကျား၂ဝ၊မ ၃ဝ စုစုပေါင်း၅ဝ တက်ရောက်သင်ကြားခဲ့သည်။

ငွေသန်း(ဇလွန်)