စာပေဟောပြောပွဲနှင့် ၁၄နှစ်အောက် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲနှင့် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာမင်း အားကစားခန်းမတွင် ယခုလ ၄ရက် ညပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် စာရေးဆရာ ဦးကျော်ကျော်လှိုင်က လူငယ်များ ကြီးပွားတိုးတက်အောင်မြင်ရေးအတွက် အချက်ခုနစ်ချက်ဖြင့် လူငယ် များ သိသင့်သိထိုက်သည်များ၊ အသိပညာ အတတ်ပညာဗဟုသုတ များတိုးပွားရေးတို့ကို အကျယ်တဝင့်ဟောပြောပြီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ကမ်းနားလူငယ်အသင်း၊ ဒုတိယဆုရ ညောင်အိုင်လူငယ် အသင်းတို့အား ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးနိုင်လင်းက ဆုများ အသီးသီးပေးအပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးချိုမြင့်ခိုင်က ကျေးဇူး တင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ ယင်းအခမ်းအနားတွင် ဇလွန်မြို့နယ်မှ စာပေဝါ သနာရှင်များ၊ အားကစားသမားများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ အင်အား ၃ဝဝကျော်တက်ရောက်ခဲ့သည်။

ငွေသန်း(ဇလွန်)