နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်

 

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းဒေသ မျက်တိုကျေးရွာအုပ်စု မဲဇလီကုန်းကျေးရွာ နေဝန်းသစ်လူငယ်ပရဟိတမှ ဦးဆောင်ဖွင့်လှစ်သည့် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ တစ်လသင်တန်း ဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် ထူးချွန်ဆုပေးပွဲတွင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက်ရောက်အားပေးခဲ့ပြီး သင်တန်းတွင် (ပထမ၊ ဒုတိယ၊ တတိယ) ရရှိသော ထူးချွန် ကျောင်းသား (၃) ဦးအား ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးမှ စက်ဘီး (၃)စီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အင်္ဂပူပြည်ခိုင်ဖြိုး ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေအိတ်များ လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးနေလင်းအောင်၊ ဘဏ္ဍာရေးမှူး မြို့နယ် ပါတီကော်မတီဝင်များနှင့် ညောင်ကျိုးဒေသ ရပ်/ကျေးခေါင်းဆောင်များသည် ဧပြီလ (၂၂) ရက်က သက္ကယ်တန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ၊ ဘုရားကျွန်းကျေးရွာ၊ လက်ျားကုန်းကျေးရွာ ကျွန်းရွှေဝါ ကျေးရွာနှင့် ချင်းကုန်းကျေးရွာများသို့ သွားရောက်၍ နယ်မြေခံပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး ချင်းကုန်း ကျေးရွာ ကွန်ကရစ်လမ်းခင်းရန်အတွက် ဘိလပ်မြေ (၅၀)အိတ်လှူဒါန်းခဲ့ပါသည်။

ပုသိမ်ခရိုင် ပါတီနှင့် (၇)မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးအား ဧပြီလ (၂) ရက် နံနက် (၁၁) နာရီအချိန်က ကျင်းပြုလုပ်ခဲ့ရာ ပုသိမ်ခရိုင် အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီများ၊ မြို့နယ် ဥက္ကဌများ၊ မြို့နယ်အတွင်းရေးမှူးနှင့် ဘဏ္ဌာရေးမှူးများ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြသည်။

ပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး ဓာတ်ပေါင်းစုစေတီတော် အုတ်မြစ်ချ ပန္နက်ရိုက် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ဟင်္သာတမြို့နယ် သနွံသနော့ ကျေးရွာရှိ မဟာနန္ဒာရာမ ပရိယတ္တိ စာသင်တိုက်အတွင်း တည်ထား ကိုးကွယ်မည့် ဓာတ်ပေါင်းစုစေတီ တော်အုတ်မြစ်ချမင်္ဂလာအခမ်း အနားကို ယခုလ ၁၆ရက် နံနက် ပိုင်းက အဆိုပါစာသင်တိုက်တွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ ချုပ်နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ ကြကြောင်းသိရသည်။

(more…)


ပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး ဟင်္သာတခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ အတွင်းရေးမှူးများ အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီ ဦးဌေးဦးသည် ယခုလ ၁၆ ရက် ညနေပိုင်းက ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ဟင်္သာတခရိုင် နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများ၊ အလုပ်အမှုဆောင်များ နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

(more…)


မြန်အောင်ပြည်ခိုင်ဖြိုး အမျိုးသမီးများတွေ့ဆုံပွဲကျင်းပ

 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၏ အမျိုးသမီးများတွေ့ဆုံပွဲကို ယမန်နေ့က မြန်အောင်မြို့နယ် အင် ပင်ကျေးရွာရှိမြို့မပရဟိတကျောင်း တိုက်တွင်ကျင်းပခဲ့ကြသည်။
တွေ့ဆုံပွဲတွင် မြန်အောင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူး ဦးနေဝင်းဇော်က အဖွင့်အမှာ စကားပြောကြားခြင်း၊ ဘဏ္ဍာရေး မှူးအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ် မြတ်သူက အမျိုးသမီးတွေ့ဆုံပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း၊ အမျိုး သမီးအဖွဲ့ခေါင်းဆောင် ဒေါ်ခိုင်ခိုင် ဦးက အမျိုးသမီးများအကြမ်းဖက် မှုမှ ကာကွယ်နိုင်ရေးဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြပြီး တွေ့ဆုံပွဲ တက်ရောက်လာသော အမျိုးသမီး များက အစုအဖွဲ့လိုက်ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ပါတီဝင်အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးပွဲ ပြုလုပ်

 

15-3-2017ရက်နေ့ ဝါးခယ်မမြို့နယ်ပါတီရုံးတွင် မြို့နယ်ပါတီကော်မတီများ နှင့် ရပ်ကွက် ၁၄ ခုမှ ပါတီခေါင်းဆောင်များအား ”ပါတီဝင်အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးပွဲ” ပြုလုပ်နိုင်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပါတီအတွင်းရေးမှူးမှ –

၁။ 2020 အောင်နိုင်ရေးမဟာဗျူဟာ

၂။ စီမံခန့်ခွဲမှု

၃။ နိုင်ငံရေးအခြေအနေများလေ့လာခြင်း

၎။ စည်းရုံးရေးသဘောတရားများ

ကျိုက်လတ်ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင် နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ကျိုက်လတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် မတ်လ (၁၅) နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အခန်းအနားသို့ တိုင်းပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ဖျာပုံခရိုင်ပါတီ ယာယီဥက္ကဋ္ဌ ဦးစောအောင်ချစ်ဆွေနှင့် ကော်မတီဝင်များ၊ ကျိုက်လတ်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။