ပြည်နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ သံဖြုဇရပ်မြို့နယ် မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးအား တွေ့ဆုံ ။

၂၀၁၆ခုနှစ် စက်တင်ဘာ(၅)ရက်နေ့ နေ့လည်(၁၁:၀၀)နာရီချိန်တွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ မော်လမြိုင်ခရိုင် ပါတီဥက္ကဌ ဦးစိုးထွန်း၊ အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေးတို့မှ သံဖြုဇရပ်မြို့နယ် ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးတို့အား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းနှင့် အတွင်းရေးမှူးတို့မှ မိမိကိုယ်ကို စတင်မိတ်ဆက်ကာ မိမိပါတီရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များအား တက်ရောက်လာသူများနှင့် ဆွေးနွေးခဲ့ကြသည်။

ရေးမြို့နယ် ပြည်ခိုင်ဖြိုး နှင့် ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ အဟာရလှူဒါန်း

၂၀၁၆ခုနှစ် ၊စက်တင်ဘာလ(၁)ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရန်ကြီးအောင် တိုးချဲ့ကွက်သစ်မှ ပရဟိတလူငယ်အဖွဲ့တို့ ပူးပေါင်းကာ ရေးမြို့ ပြည်သူ့ဆေးရုံးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေကြသော ရဟန်း၊ ရှင်လူဝေဒနာရှင် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရေးမြို့မ ရဲစခန်းတွင် အချုပ်ကျနေသူများအား နံနက်စာအဟာရအဖြစ် ထမင်းနှင့် ကြက်သားဟင်းတို့ကို လှူဒါန်းကုသိုလ်ပြုခဲ့ကြောင်း သိရသည်။

ဗဟိုနာယကအဖွဲ့ဝင် ဦးဌေးဦးနှင့် ဇနီး လှူဖွယ်ဝတ္ထုများနှင့် ဆန်အိတ်များ လှူဒါန်း

14183809_320272841697452_4475996819136016338_n

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့ ညနေ (၄)နာရီချိန်က မွန်ပြည်နယ် ကျိုက်ထိုမြို့ ဆိဖ္ပူးတောင် ပရဟိတဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိ လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင် ကော်မတီ ဗဟိုနာယကအဖွဲ့ဝင် ဦးဌေးဦးနှင့် ဇနီးတို့မှ ဆရာတော်ဘုရားထံ သင်္ကန်း၊ ဝတ္ထုငွေနှင့် ဆန် (၁၀၀) အိတ်တို့အား ဆက်ကပ်လှူဒါန်းပြီး ဦးဌေးဦးနှင့် ဇနီးတို့ တည်ထားကိုးကွယ်သော ကျီးမနိုးစေတီတော်မြတ်အား ဦးခိုက် ဖူးမျော်ကြည်ညိုခဲ့ကြောင်း သိရှိရသည်။

14051562_1766763483611460_6827968703401525681_n 13938428_1766763560278119_7658562453647523681_n

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ၂၀၁၆ ဩဂုတ်လ (၁၇)ရက်နေ့ ည (၁) နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်၍ ခ၀ဲကျေးရွာရှိ အိမ်ခြေ(၁၃)လုံးနှင့် စာသင်ကျောင်း သွပ်အမိုးများလန်ခဲ့ကြောင်း သိရှိရသဖြင့် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဩဂုတ်(၁၉)ရက်နေ့တွင် ခရွဲကျေးရွာ ဘုန်တော်ကြီးကျောင်းထိုင် ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ပျက်စီးဆုံးရှုံးသွားသော အိမ်(၁၃)လုံး၏ မိသားစုဝင်များအား ဆန်များ၊ စားသုံးဆီများနှင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး တွဲဖက်အထွေထွေ အတွင်းရေးမှူး တက်ရောက် အားပေး

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ၂၀၁၆ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့ ၊ နံနက်(၉)နာရီချိန် ပြည်နယ်ပါတီရုံးခန်းမ၌ ကျင်းပရာ ဗဟိုပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်၊ ပြည်နယ် ကြီးကြပ်ရေးကော်မတီဝင်များ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ် ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် (ဟောင်း/သစ်) များ၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်(၁၀)မြို့နယ်မှ ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဂုဏ်ပြုဆုရရှိသူများ အင်အား စုစုပေါင်း (၈၉)ဦး တက်ရောက်ခဲ့သည်။

မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေးကို ယနေ့ ဇူလိုင်(၂၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန် စတင်ကျင်းပရာ သဘာပတိအဖြစ် ပထမပိုင်းတွင် Dr အောင်ကျော်ထွန်း နှင့် ဒုတိယပိုင်းတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးသက်ထွေးတို့မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားကို ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်၊ပြည်နယ်ပါတီကော်မတီဝင်များ၊ ကြီးကြပ်ရေးကော်မတီများ၊ မော်လမြိုင်ခရိုင်အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မြို့နယ်(၆)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌ၊အတွင်းရေးမှူး၊မြို့နယ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း( ၁၂၅)ဦး တက်ရောက်ခဲ့ကြသည်။

ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး ဘုရားထီးတော်တင်လှူပူဇော်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး နှင့် ဇနီး ဒေါ်နီနီဝင်း တို့မှ ဇူလိုင် (၁၉)ရက်နေ့၊ မွန်းလွှဲ (၂) နာရီချိန်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ ဆိပ္ဖူးတောင် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်းရှိ ကျီးမနိုး စေတီတော် မြတ်အား ထီးတော် တင်လှူခဲ့သည်။

13707634_1753611614926647_1384577876566963300_n

(more…)


ဘုရားထီးတင်လှူ ပူဇော်

13707513_1753113604976448_1740180555252833755_n

 

၂၀၁၆ ခုနှစ်၊ ဇူလိုင် (၁၈)ရက်နေ့ နံနက် (၉)နာရီချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးအောင်မင်းနှင့် ဇနီး ဒေါက်တာဝေဝေသာ တို့မှဦးဆောင်ကာ မွန်ပြည်နယ် ကျိုက်ထိုမြို့ ဆိပ္ဖူးတောင် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းအတွင်းရှိ ရွှေဘုန်းပွင့် စေတီမြတ်အား ထီးတော်တင်လှူ ပူဇော်ခဲ့ကြောင်းသိရှိရသည်။

 

Credit – မုဒုံသား

မုဒုံပြည်ခိုင်ဖြိုးပါတီမှ (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၇) နာရီအချိန်က ကျင်းပပြုလုပ်သော (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ အား လွမ်းသူပန်းခွေချ၍ ဂုဏ်ပြုအလေးပြုခဲ့ကြသည်။

13710038_1753370458284096_8696615953696198396_n

ဗဟိုအလုပ်အမှုဆောင်မိသားစု လမ်းခင်းရန်အတွက် ငွေလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် သီရိပျံချီ ဦးစိုးနိုင်[ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂၀၁၀-၂၀၁၅) ] မိသားစုမှ ပေးပို့လှူဒါန်းသော ဖျာပုံမြို့ ပိတောက်မြိုင်လမ်းနှင့် ရွှေဝါမြိုင် လမ်းခင်းရန်အတွက် ငွေကျပ် (၁၀) သိန်းအား တိုင်း၊ ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများက စည်ပင်အမှုဆောင်အရာရှိ ဦးမြင့်မောင် ထံသို့ ဇူလိုင်လ (၆) ရက်နေ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။