မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး တွဲဖက်အထွေထွေ အတွင်းရေးမှူး တက်ရောက် အားပေး

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ၂၀၁၆ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့ ၊ နံနက်(၉)နာရီချိန် ပြည်နယ်ပါတီရုံးခန်းမ၌ ကျင်းပရာ ဗဟိုပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်၊ ပြည်နယ် ကြီးကြပ်ရေးကော်မတီဝင်များ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ် ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် (ဟောင်း/သစ်) များ၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်(၁၀)မြို့နယ်မှ ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဂုဏ်ပြုဆုရရှိသူများ အင်အား စုစုပေါင်း (၈၉)ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားကို သဘာပတိအဖြစ် ပထမပိုင်းတွင် ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်နှင့် ဒုတိယပိုင်းတွင် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင် ဦးလှသိန်းတို့မှ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားတွင် ဗဟိုပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ဂုဏ်ပြုဆု(၁၀)ခုကို လည်း ကောင်း၊ ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်မှ လူမှုထူးချွန်ဆု(၆)ဆုကို ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ပါတီကော်မတီဝင်းများအား လုပ်ထုံးလုပ်နည်းများ၊ နည်းဥပဒေများနှင့်အညီ တက်ရောက်လာကြသော ပါတီကိုယ်စားလှယ်များမှ မဲပေးရွေးချယ်ခဲ့ကြကာ၊ ပြည်နယ်ကော်မတီဝင်များနှင့် ပြည်နယ် အရန် ကော်မတီဝင်များမှ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး မွန်းလွဲ (၀၁:၃၀) နာရီ ချိန်တွင် ကြွေးကြော်သံများနှင့်အတူ အောင်မြင်စွာ ရုပ်သိမ်း ခဲ့သည်။

မုဒုံ သား


Leave a Reply