ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး ဘုရားထီးတော်တင်လှူပူဇော်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး နှင့် ဇနီး ဒေါ်နီနီဝင်း တို့မှ ဇူလိုင် (၁၉)ရက်နေ့၊ မွန်းလွှဲ (၂) နာရီချိန်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ ဆိပ္ဖူးတောင် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်းရှိ ကျီးမနိုး စေတီတော် မြတ်အား ထီးတော် တင်လှူခဲ့သည်။

13707634_1753611614926647_1384577876566963300_n

ယင်းနောက် ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး နှင့် ဇနီးတို့မှ ဆရာတော်အရှင်သူမြတ်အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း၊ ဆန်အိတ်(၁၀၀) နှင့် ကျောင်းသား/သူများ အတွက် အဝတ်အထည်များ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

photo credit

Credit – မုဒုံသား


Leave a Reply