ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဓမ္မစကူးလ်ကျောင်းသို့ စာရေးကိရိယာနှင့် အာဟာရများ လှူဒါန်း

 

နေပြည်တော် ဇွန် ၃ဝ

နေပြည်တော် ဇေယျာသီရိမြို့ ကျောက်ချက်ကျေးရွာ၊ ဓမ္မသုခ လယ်ပြင်ကျောင်းတိုက်၌ ကျင်းပသော ၂ဝ၁၇/ ၂ဝ၁၈ ဓမ္မစကူးလ် ဆုရကျောင်းသားများ ဆုချီးမြှင့်ပွဲ နှင့် ၂ဝ၁၈/၂ဝ၁၉ ဓမ္မစကူးလ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် ပါတီကော်မတီဝင်များက ဓမ္မစကူးလ် ကလေးငယ် ၂၁ဝ အတွက် ငွေကျပ် ၈ဝဝဝဝတန်ဖိုး ရှိစာအုပ်၊ ဘောလ်ပင်နှင့်စာရေး ကိရိယာများကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ် သစ်တပ်အုပ်စု သစ်တပ်ရွာသင်္ကြန်မိုး တည်းခိုခန်းနှင့် ထမင်းဆိုင် မိသားစုက မုန့်နှင့် ပဲနို့အချိုရည်များကို လည်းကောင်း ကုသိုလ်ပြုခဲ့ကြရာ ဆရာတော်က ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓု အနုမောဒနာခေါ်ဆို ရေစက်ချ တရားတော်ဟောကြား ခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)