ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးသာအေး မုံရွာခရိုင် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးသာအေး (ဗဟိုအလုပ်အမှုဆောင်)တို့သည် ယခုလ (၁၈) ရက် နံနက် (၉) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသော မုံရွာခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က အဖွင့်အမှာစကား ပြောကြားသည်။

13709995_1777478165822698_2962759384322479446_n

အဆိုပါ မုံရွာခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးပါတီမှ တွဲဖက် အတွင်း ရေးမှူး ဦးအောင်ကျော်ဦး၊ ပါတီကော်မတီဝင် ဦးသန်းထွန်း၊ ဒေါက်တာမြင့်သိန်း၊ ဦးမင်းမင်း ဇေယျာမြင့်၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ ဦးအောင်ကိုစံ၊ ဒေါ်ညွန့်ညွန့်ဌေး တို့နှင့်အတူ မုံရွာခရိုင်နှင့် မြို့နယ် များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အဆိုပါ မုံရွာခရိုင် မျက်နှာစုံညီအစည်းအဝေး၌ ပါတီဒုတိယ ဥက္ကဋ္ဌက အမှာစကားပြောကြားခြင်း၊ ပါတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့က ခရိုင်ပါတီကော်မတီဝင်နှင့် အရန်ခရိုင်ပါတီကော်မတီဝင်များအား စိစစ် ရွေးချယ်ရာတွင် ရွေးချယ်ရေးကော်မတီများ၏ ဆောင်ရွက်ချက်များကို ကြီးကြပ်ခြင်း၊ ရွေးချယ် ခံရသည့် ပါတီကော်မတီဝင်များအား သီးခြားမှာကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးတွင် မုံရွာခရိုင်ကော်မတီအား ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌ အဖြစ် ဦးအောင်တိုး၊ ခရိုင်ပါတီအတွင်းရေးမှူးအဖြစ် ဦးဇော်ဇော်မိုး၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်ကြူ မိုးသန့် အပါအဝင် ခရိုင်ပါတီကော်မတီဝင်(၉)ဦးနှင့် ခရိုင်အရံပါတီကော်မတီဝင်(၉)ဦးတို့ကို ရွေးချယ်ခဲ့ ကြကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply