Green Starပရဟိတလူငယ်အဖွဲ့ လုပ်အားကုသိုလ်ပြု

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းထားသော Green Star ပရဟိတလူငယ်အဖွဲ့သည် ယနေ့ ဒီဇင်ဘာ(၁၉)ရက်နေ့ နံနက်(၀၇:၃၀)နာရီချိန်မှ စတင်ကာ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာအုပ်စု ကော့တာတောရ ဘုန်းတော်ကြီးကျောင်းရှိ ဘုရားဝင်းအတွင်း၌ အမှိုက်များကောက်ခြင်း၊ တံမြက်စည်းလှည်းခြင်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ဆက်လက်ပြီး ဘုရားဝင်းအတွင်း ကွန်ကရစ်လောင်းရာတွင် Green Star အဖွဲ့ဝင်များ စုပေါင်း၍ တက်ညီလက်ညီ လုပ်အားကုသိုလ်ပြုခဲ့ကြသည်။

ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့ ချောင်းဆုံမြို့နယ် ပါတီနှင့်တွေ့ဆုံ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ရပ်ကွက် ကျေးရွာ ပါတီကော် မတီဝင်များ ဗဟိုအလုပ်အမှုဆောင်နှင့် တွေ့ဆုံပွဲအခမ်းအနားကို ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်) နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။

မွန်ပြည်နယ်ပါတီဥက္ကဌ ရေးမြို့နယ်ပါတီနှင့် တွေ့ဆုံ

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ (ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်) နှင့် ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ် တွေ့ဆုံပွဲ အခမ်း အနားကို ရေးမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၁း၀၀ အချိန်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကြည်သိန်း၊ ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း၊ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပ ခေါင်းဆောင်၊ ဒုခေါင်းဆောင်များ၊ တက်ရောက်ကြပါသည်။

မာန်ဟုန်ပြင်းချီ ရှေ့သို့ဆီ ချောင်းဆုံပြည်ခိုင်ဖြိုး

 

ယနေ့ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌လပတ်ပုံမှန်အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့သည်။အစည်းအဝေးတွင်မြို့နယ်ဥက္ကဌ
ဦးမင်းအောင်သူမှကြားဖြတ်ရွေးကောက်ပွဲနှင့်ပက်သက်၍ရွေး
ကောက်ပွဲအောင်နိုင်ရေး/ ပါတီဝင်များစည်းလုံးညီညွတ်ပြီးခွန်အား
သစ်ဖြင့်ယှဉ်ပြိုင်စေရေးချောင်းဆုံမြို့နယ်ပြည်သူလူထုအတွက်တစ်
ထောင့်တစ်နေရာမှအားတက်သရောကူညီဆောင်ရွက်နိုင်ရေးအမိုး
ဘာသာ/ သာသနာအတွက်အားကြိုးမာန်တက်ကူညီဆောင်ရွက်ပေး
ကြဖို့လမ်းညွန်မှာကြားခဲ့သည်။
ဆက်လက်ပြီးမြို့နယ်အတွင်းရေးမှူးဦးမိုးမြင့်မှမီဒီယာနှင့်ပက်သက်၍
ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ရပ်/ကျေးစည်းမှူးများမှအပြန်အလှန်ဆွေးနွေးခဲ့ကြပြီးအစည်းအဝေးကိုနံနက်11:30အချိန်တွင်စ
တင်ပြီးနေ့လည်1:35အချိန်တွင်ပြီးဆုံးခဲ့သည်။
အစည်းအဝေးကိုမြို့နယ်ကောမတီဝင်များနှင့်ရပ်/ကျေးစည်းမှူးစုစုပေါင်းအင်အား(50)ကျော်တက်ရောက်ခဲ့ကြသည်။


မိုးညှင်းပြည်ခိုင်ဖြိုး ပါတီဝင်စီစစ်ရေးနှင့် ပါတီကေဒါဖွဲ့စည်းရေးကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိုးညှင်းခရိုင် အရံကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ မြို့နယ်ကော်မတီဝင် ဒေါ်သန္တာဝင်းမောင်၊ မြို့နယ်အရံကော်မတီဝင် ဦးမြဝင်း၊ ဒေါ်ဝါဝါဆွေ တို့သည် တကွင်းကျေးရွာအုပ်စု၊ သဲဂုဏ်ကျေးရွာ စည်းမှူး၊ တွဲစည်းမှူးတို့နှင့်အတူ ယနေ့ (ဒီဇင်ဘာ ၂ ရက်) သဲဂုဏ်ကျေးရွာသို့ ကွင်းဆင်း၍ သဲဂုဏ်ကျေးရွာ ဦးမောင်နိုင်းနေအိမ်၌ ပါတီဝင်စီစစ်ရေးနှင့် ပါတီကေဒါဖွဲ့စည်းရေး ဆောင်ရွက်ခဲ့ကြသည်။

ရွှေဘိုခရိုင်/ရေဦးမြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရွှေဘိုခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ ခရိုင်အတွင်းရေးမှူး ဦးမြတ်မျိုးညွန့်၊ ခရိုင်ကော်မတီဝင်များဖြစ်ကြသော ဦးတိုးမြင့်၊ ဦးအောင်စိုးဝင်း၊ ဦးတင်ခိုင်၊ ဦးသက်အောင်ဇော်နှင့် ခရိုင်အရန်ကော်မတီဝင် ဦးချစ်သန်း၊ ဦးနိုင်သန်းထွန်းတို့ အဖွဲ့သည် နိုဝင်ဘာ (၃၀) ရက် နေ့လည် (၂) နာရီခွဲအချိန် ရေဦးမြို့နယ်ပါတီရုံးခန်းမ၌ ရေဦမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့မတိုက်နယ် စည်း/မှူး၊ ၊တွဲစည်း/မှူးများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။

ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီဆိုင်းဘုတ်များ အသစ်ပြင်ဆင်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာများမှ ဟောင်နွမ်းနေသော ရပ်ကျေးပါတီဆိုင်းဘုတ်များအား အသစ်ပြန်လည်တပ်ဆင်လျှက်ရှိရာ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် အင်္ဂဘိုကျေးရွာအုပ်စု ပါတီ ဆိုင်းဘုတ်တင် အခမ်းအနား ပြုလုပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ အမျိုးသားခေတ်သစ်သင်တန်းကျောင်းမှ သင်တန်းဆရာများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ

မော်လမြိုင်မြို့၌ ဖွင့်လှစ်ထားရှိသော အမျိုးသားခေတ်သစ် သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအပါအဝင် သင်တန်းဆရာများ၊ သင်တန်းသား သင်တန်းသူများ သည် နိုဝင်ဘာ (၂၃) ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်သို့ လေ့လာရေးလာရောက်ခဲ့ကြသည်။

dr-aung-myat-oo

(more…)


ပေါင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့်အဖွဲ့ ပြည်သူကို အရေးပေါ်အကူညီပေးနိုင်ရန် RESCUE သင်တန်းတက်

မွန်ပြည်နယ် ပေါင်မြို့နယ် စိတ္တသုခလူမှုကူညီရေး (ပေါင်မြို့)မှ ကြီးမှူး ကျင်းပပြုလုပ်သော လျှပ်တပြက် ကယ်ဆယ်ရေး အခမဲ့သင်တန်းကို နိုဝင်ဘာ (၁၇) ရက် နံနက်ပိုင်းက ပေါင်မြို့ စိတ္တသုခလူမှုကူညီရေး အသင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်လျှက်ရှိရာ ယင်းလျှပ်တပြက် အရေးပေါ်ကယ်ဆယ်ရေးသင်တန်းသို့ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ဆန်းဦးနှင့် မြို့နယ်ကော်မတီဝင်များမှ ပြည်သူများ ဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ် ကူညီကယ်ဆယ်နိုင်ရန် သင်ယူလျှက်ရှိသည်။

paund

(more…)


“Green Sky “ပရဟိတ လူငယ်အဖွဲ့ ဖွဲ့စည်းခြင်း၊ တွေ့ဆုံမိတ်ဆက်ပွဲ ပြုလုပ်

” Green Sky ” ပရဟိတ လူငယ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ မြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာ သီးသီးမှ လူငယ်များစုစည်း၍ ” Green Sky ပရဟိတလူငယ်အဖွဲ့” အား ဖွဲ့စည်းခြင်းကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀း၃၀ နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပခဲ့သည်။

g9

(more…)