မွန်ပြည်နယ်ပါတီဥက္ကဌ ရေးမြို့နယ်ပါတီနှင့် တွေ့ဆုံ

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ (ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်) နှင့် ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ် တွေ့ဆုံပွဲ အခမ်း အနားကို ရေးမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၁း၀၀ အချိန်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကြည်သိန်း၊ ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း၊ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပ ခေါင်းဆောင်၊ ဒုခေါင်းဆောင်များ၊ တက်ရောက်ကြပါသည်။

ရှေ့ဦးစွာ ပြည်နယ်ပါတီဥက္ကဌမှ နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ပါတီဥက္ကဌမှ ပါတီ လုပ်ငန်း စဉ်များအား ရှင်းလင်း ဆွေးနွေးပါသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဌမှ မိမိတို့မြို့နယ်၏ တစ်လတာဆောင်ရွက်ချက် များ ရှင်းလင်းဆွေးနွေးကာ မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး ခေါင်းဆောင်များမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြပြီး၊ ပြည်နယ် ပါတီဥက္ကဌမှ ပြန်လည်ဖြည့်စွက်ရှင်းလင်းကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Leave a Reply