ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ပုံမှန် အစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာ ပါတီကော်မတီများ လစဉ်ပုံမှန်အစည်းအဝေးကို ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁း၃၀ နာရီအချိန်တွင် ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဦးမျိုးမင်းလှိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်သူနှင့်အဖွဲ့များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ခေါင်းဆောင်များ၊ စည်းရုံးမှူးများစုစုပေါင်းအင်အား (၉၆)ဦးတက်ရောက်ကြပါသည်။

မုဒုံပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲ ပြုလုပ်

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယနေ့ ဇန်နဝါရီ(၁၇)ရက်နေ့ နံနက် (၁၀:၀၀)ချိန်တွင် လူငယ်တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

လူငယ့် အားမာန် ပရဟိတလူငယ်အဖွဲ့ လုပ်အားဒါန ကုသိုလ်ပြု

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းထားသော လူငယ့် အားမာန် ပရဟိတလူငယ်အဖွဲ့ဝင်များသည် ယနေ့ (၁၄.၁.၂၀၁၇)ရက်နေ့ နံနက်(၀၈:၀၀)နာရီချိန်မှစတင်ကာ ကျိုက်ထို မြို့ ရှိ ရွှေဘုံသာဘုရားဝင်း အတွင်ရှိစေတီများကို ရောင်တော်ဖွင့်ခြင်းနှင့် ဝန်းကျင်တဝိုက်တို့တွင် တံမြတ်စည်းလှည်းခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းများ၊ မြက်ပင်များ ရှင်းလင်းခြင်းများဖြင့် စုပေါင်း လုပ်အား ဒါနပြုခဲ့ကြောင်းသိရှိရသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကော
ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ ဦးခန့်အား ဇန်န၀ါရီ ၁၅ ရက်တွင် မွန်ပြည်နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဖြိုးမေတ္တာ (အခမဲ့)နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့အား အထွေထွေရောဂါကုဆရာဝန် Dr. တိုးတိုးအောင် ဦးဆောင်သည့် ဆရာဝန်ကြီးများ လိုက်ပါပြီး ကုသပေးလျှက်ရှိသည်။

မွန် ၊ မြန်မာ နှစ်ဘာသာဖြင့် တရနာ​ကျေးရွာ ပြည်​ခိုင်​ဖြိုးပါတီဆိုင်းဘုတ်​တင်

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲအား ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၀၉း၀၀နာရီအချိန်၌ တရနာကျေးရွာ တွင်ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၊ ရပ်မိရပ်ဖများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာကော်မတီဝင်များ တက်ရောက်ကြသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ဆိုင်းဘုတ်အား အမွှေးနံသာများ ပက်ဖြန်းပေးခဲ့သည်။

အမျိုးသမီး​ရေးရာ​တွေ့ဆုံပွဲ မော်လမြိုင်ပြည်ခိုင်ဖြိုးကျင်းပ

 

မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နယ် ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွင့်​ဖြိုး​ရေးပါတီ အမျိုးသမီး​ရေးရာ​တွေ့ဆုံပွဲအခမ်းအနားကို မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀းဝဝ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ​ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးလွင်​မိုးမှ အဖွင့်​မိတ်​ဆက်​စကား​ပြောကြားပြီး ပြည်​နယ်​ပါတီ​ကော်​မတီဝင်​အမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်ခင်​မြင့်​မှ အမျိုးသမီး ရေးရာကိစ္စရပ်​များ၊ အသင်းအဖွဲ့များနှင့်​ပူး​ပေါင်း​ဆောင်​ရွက်​မှု၊အမျိုးသမီးများအကြမ်းဖက်​မှု
ကင်း​ဝေးရန်​၊ ကျန်းမာ​ရေးဆိုင်​ရာကိစ္စရပ်​များတွင်​ပူး​ပေါင်းပါဝင်​မှု၊ ​ခေတ်​အဆက်​ဆက်​အမျိုးသမီးများ​ခေါင်း​ဆောင်​ခဲ့မှုများ၊ အစဉ်​အလာ​ကောင်းများရှိ​နေပြီးဖြစ်​​သောအမျိုးသမီးများ ပြည်​ခိုင်​ဖြိုးပါတီနှင်
့ပူး​ပေါင်း၍ တက်​တက်​ကြွကြွ​ဆောင်​ရွက်​လာ​စေရန်​ကိစ္စရပ်​များကို​ ဆွေး​နွေးတင်ပြခဲ့သည်​။

ပညာရေး အလေးထားမည် ကျိုက်မရော ပြည်ခိုင်ဖြိုးပါတီ

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးလှထွန်းနှင့် မြို့နယ်ကော်မတီဝင်များသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၀ )ရက်နေ့ နေ့လည် ၀၁း၀၀ နာရီအချိန်တွင် ကျိုက်မရောမြို့နယ် လှကဇိုင်းကျေးရွာသို့ ရောက်ရှိကြကာ လှကဇိုင်းကျေးရွာရှိ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများ ကျေးရွာပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆွေးနွေးကြပါသည်။
ထို့နောက် ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဉက္ကဋ္ဌ ဦးလှထွန်းမှ လှကဇိုင်းကျေးရွာရှိ မူကြိုကျောင်းဝင်း ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်းပြုလုပ်နိုင်ရန် အလှူ ငွေ ၅၅၀၀၀၀(ငါးသိန်းငါးသောင်းကျပ်)အား ကျောင်းအကျိုးတော်ဆောင် ကော်မတီ ဦး အားလှူဒါန်း ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇန်နဝါရီ ၇ ရက်နံနက် ၁၁ နာရီက အဆိုပါပါတီရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ အစည်းအဝေး တွင် သထုံခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးဇော်ဝင်းက အမှာ စကားပြောကြားပြီး မြို့နယ်ပြည် ခိုင်ဖြိုးပါတီ ရပ်ကွက်/ ကျေးရွာ စည်းရုံးရေးကော်မတီဝင်များက ပါတီရေးရာ ကော်မတီလုပ်ငန်း ကဏ္ဍ(၁၂)ရပ်အနက် အရေးကြီး ကဏ္ဍလေးရပ်ကို ဆွေးနွေးတင်ပြ ခဲ့ကြပြီး တင်ပြချက်များအပေါ် ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်လင်းဦးနှင့်ပါတီ ရေးရာကော်မတီ တာဝန်ခံများကပြန်လည်ရှင်းလင်းဆွေနွေးခဲ့ကြပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်။

ကျိုက်မရော ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းရုံးရေး စွမ်းဆောင်ရ ည်မြင့်တင်ရေးသင်တန်းဖွင့်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့စုခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်နှင့် ကျေးရွာများစည်းရုံး ရေးစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းကို ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ဿ ဆွေးနွေးပြောကြားခဲ့သည်။

 

(more…)


ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ချောင်းဆုံပါတီကော်မတီနှင့်တွေ့ဆုံ

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာ တိုးတိုးအောင် နှင့်အဖွဲ့သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ချောင်းဆုံမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။