ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ပေးပို့လှူဒါန်းသော အလှူငွေများနှင့် လှူဖွယ်ဝတ္တူများအား သွားရောက်လှူဒါန်း

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်တွင် ဝါဆိုတော်မူကြသော စာသင် – စာချဆရာတော်၊ သံဃာတော်များ အပါး (၄၂၀) အတွက် ဆွမ်းဆန်စိမ်းများ၊ စားဆီပုံးများနှင့် ဝတ္တူအလှူတော် ကျပ်သိန်း (၅၀) အား ပြည်ခိုင်ဖြိုးပါတီ ဗဟိုကိုယ်စား ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များက သွားရောက်လှူဒါန်း ကုသိုလ်ပြုခဲ့သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုးများ၍ ရာသီဥတုဒဏ်​​ကြောင့် ပျိုကျပျက်​စီး သံကူကွန်​ကရစ်​တံတား(၂) စင်း အား အမြန်​​ဆောက်​လုပ်​​ပေးရန်​ အစီအစဉ်​ရှိ.မရှိ မေးခွန်းမေးမြန်း

 မော်လမြိုင်၊ စက်တင်ဘာ ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကျိုက်မရော မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမင်းအောင်မွန်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ​မွန်​ပြည်​နယ်​လွှတ်​​တော်​ (၁၁) ကြိမ်​​မြောက်​ ပုံမှန်​အစည်းအ​ဝေး (ပဉ္စမ) ​နေ့တွင် ကျိုက်​မ​ရောမြို့နယ်​ မိကသစ်​​ကျေးရွာအုပ်​စုရှိ မိကသစ်​နှင့် လေးအိမ်​စုကျေးရွာသို့ ဆက်​သွယ်​ထား​သော လမ်း​ပေါ်ရှိ တံတား (၂) စင်းသည်​ မိုးများ၍ ရာသီဥတုဒဏ်​​ကြောင့် ပေါက်​ပြဲပျိုကျပျက်​စီး​နေသဖြင့် အစိုးရမှ အဆိုပါ​ကျေးရွာ၏ အဓိကကျ​သောလမ်း​ပေါ်ရှိ သံကူကွန်​ကရစ်​တံတား (၂) စင်းအား အမြန်​​ဆောက်​လုပ်​​ပေးရန်​ အစီအစဉ်​ရှိ/မရှိ မေးခွန်းအား မေးမြန်းခဲ့သည်။

သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

၁၄ ၊ စက်​တင်​ဘာ ၊ ၂၀၁၈

ယ​နေ့နံနက်​ (၆) နာရီအချိန်​ သထုံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ဘုရားအမှူးရှိ​သော သံဃာ​တော်​အရှင်​သူမြတ်​တို့အား ​ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်​ပြု​သောအားဖြင့် ဝါဆိုသင်္ကန်းဆပ်​ကပ်​လှူဒါန်းပွဲအား ပြုလုပ်​ခဲ့ပါသည်​။ ပထမဦးစွာ သံဃာ​တော်​အရှင်​သူမြတ်​တို့အား အာရုံဆွမ်းဆပ်​ကပ်​ကာ သထုံမြို့ ကိုးနဝင်းဆရာ​တော်​မှ တရား​ရေ​အေးတိုက်​​ကျွေးခဲ့​ပေးပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်​ပစ္စည်းများကို ဆပ်​ကပ်​လှူဒါန်းခဲ့ကာ ဖိတ်​ကြားထား​သော ဧည့်​သည်​​တော်​များအား ​ကော်​ရည်​​ခေါက်​ဆွဲ ​ကျွေး​မွေးဧည့်​ခံခဲ့ပါသည်​။

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၅) ရက်နေ့ နံနက် (၁၁) နာရီချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ ပါတီရဲ့လမ်းညွန်ချက်များအား ချပြဆွေးနွေးရာ တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌများမှ မိမိတို့ခရိုင်၊ မြို့နယ်များရဲ့ လုပ်ဆောင်ချက်များအား ဆွေးနွေးတင်ပြရာ ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင် (၂) ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ (၁၀) မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ (၁း၃၀) နာရီချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။

ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်း ဆက်ကပ်လှူဒါန်း

 

မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ သြဂုတ် (၂၆) ရက်၊ ဝါခေါင်လပြည့်နေ့တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သူရ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်း ဆက်ကပ်လှူဒါန်း ကုသိုလ်ပြုခဲ့ကြကြောင်း သိရှိရပါသည်။


ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ထောက်ပံ့ပေးအပ်

 

သြဂုတ်၊ ၂၄

မွန်ပြည်နယ်သို့ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ယနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ချိန်တွင် ကျိုက်မရောမြို့နယ်၊ လမုခိုကျေးရွာအုပ်စု၊ မုရင်းကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

မော်လမြိုင်၊ သြဂုတ် ၂၃

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ သြဂုတ်​လ ၂၃ ရက်​​နေ့ ညနေ ၆ နာရီချိန်တွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မှ မွန်ပြည်နယ် ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ပါတီအတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်(၂)ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ ၁၀ မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံကာ လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချောင်းဆုံမြို့နယ်အတွင်းရှိ ပါတီဝင်ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

 

ချောင်းဆုံ၊ သြဂုတ်၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ဗဟိုအလုပ်​အမှု​ဆောင်​ ပြည်​နယ်​ပါတီဥက္ကဋ္ဌ ဦး​အောင်​ကြည်​သိန်း၊ ပါတီဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာနန္ဒာလှမြင့်​နှင့်​ ပြည်​နယ်​ ပါတီကော်မတီဝင်များ၊ခရိုင်ပာတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်​ ၊မြို့နယ်များမှပါတီ​ကော်​မတီဝင်​များ၊ ရပ်​ကွက်​​ကျေးရွာပါတီဥက္ကဋ္ဌများနှင့်​ ပါတီဝင်​လူငယ်များ သြဂုတ်လ၂၃ ရက်နေ့ ည​နေ ၄ နာရီခွဲ အချိန်၌ ချောင်းဆုံမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ​ဆောင်တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။