သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

၁၄ ၊ စက်​တင်​ဘာ ၊ ၂၀၁၈

ယ​နေ့နံနက်​ (၆) နာရီအချိန်​ သထုံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ဘုရားအမှူးရှိ​သော သံဃာ​တော်​အရှင်​သူမြတ်​တို့အား ​ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်​ပြု​သောအားဖြင့် ဝါဆိုသင်္ကန်းဆပ်​ကပ်​လှူဒါန်းပွဲအား ပြုလုပ်​ခဲ့ပါသည်​။ ပထမဦးစွာ သံဃာ​တော်​အရှင်​သူမြတ်​တို့အား အာရုံဆွမ်းဆပ်​ကပ်​ကာ သထုံမြို့ ကိုးနဝင်းဆရာ​တော်​မှ တရား​ရေ​အေးတိုက်​​ကျွေးခဲ့​ပေးပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်​ပစ္စည်းများကို ဆပ်​ကပ်​လှူဒါန်းခဲ့ကာ ဖိတ်​ကြားထား​သော ဧည့်​သည်​​တော်​များအား ​ကော်​ရည်​​ခေါက်​ဆွဲ ​ကျွေး​မွေးဧည့်​ခံခဲ့ပါသည်​။

စော မျိုး မင်း ဌေး