ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဋ္ဌတက်ရောက်

 

ချောင်းဦး၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာအုပ်စု ကျီကုန်းရွာ ဦးမျိုးနွယ်နေအိမ်၌ ယမန်န့နံနက် ၉ နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်ခဲ့သည်။
ကျီကုန်းကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အား ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက အမွှေးနံ့သာပက်ဖျန်းပေးပြီး ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့သည်။ ဆိုင်းဘုတ်တင်ပွဲသို့ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျီကုန်းကျေးရွာအုပ်စုအတွင်းရှိ ပါတီဝင်များနှင့် ပြည်သူများ စုစုပေါင်း ၇ဝ ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်အား အမွှေးနံ့သာပက်ဖျန်း၍ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကာ ပါတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေများ၊ ရခိုင်နှင့် ဘင်္ဂါလီပြဿနာများ စသည်တို့ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ချောင်းမနားကျေးရွာအုပ်စု ချောင်းမနားကျေးရွာ ဒေါ်ဝင်းနေအိမ်၌ လည်း ပါတီဆိုင်းဘုတ်တင်ပွဲ ဆက်လက် ပြုလုပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ပြီး ပါတီဝင်များနှင့်တွေ့ဆုံ၍ ယနေ့ နိုင်ငံရေးအခြေအနေများကို ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမြင့်သိန်းမှ ရှင်းလင်းပြီး တက်ရောက်လာသူများမှ မိမိတို့ကျေးရွာ ယခင်အခြေအနေများ၊ ယခုအခြေအနေများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ချောင်းမနားကျေးရွာအုပ်စုတွင် ချောင်းမနား တောင်ရွာ၊ ချောင်းမနား မြောက်ရွာ၊ ကုန်းကြီးရွာ၊ မြင်းမြေရွာ၊ လှော်ကားရွာ၊ ကျွန်းသာယာရွာ၊ ရွာသစ်လေးရွာ၊ ညောင်ပင်လှရွာ စသည်ဖြင့် ရှစ်ရွာရှိပြီး တက်ရောက်အင်အား ၁၂ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့် (ချောင်းဦး)၊ စကဝဝ၈