ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ (၇၁)နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့အထိမ်းအမှတ်​ပြိုင်ပွဲများ ကျင်းပ

 

မွန်​ပြည်​နယ်​၊ ဘီးလင်းမြို့နယ်​ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ (၁၂)ရက်နေ့ (ပြည်ထောင်စုနေ့) နံနက်(၉)နာရီချိန်မှစတင်ကာ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ နိုင်​ငံ​တော်​အလံအား စု​ပေါင်းအ​လေးပြုကြကာ နိုင်​ငံ​တော်​သီချင်း သံပြိုင်သီဆိုကာ အခမ်းအနားကို စတင်ဖွင့်​လှစ်​ခဲ့ကြသည်​။ယင်းနောက် ပြည်​ခိုင်​ဖြိုးပါတီမှ လူငယ်​အဖွဲ့ဝင်​များမှာ ရာသက် ပန်ပြည်​​ထောင်​စုသီချင်း သီဆိုခဲ့သည်။
ထိုနောက်​ ပြည်​နယ်​ပါတီအတွင်း​ရေးမှူး ဦးဝင်း​မော်​ဦးမှ အ​မှာစကား​ပြောကြားပြီး၊ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေမှ အခမ်းအနားကျင်းပရခြင်း ရည်​ရွယ်​ချက်​များအား တင်​ပြ​ဆွေး​နွေးခဲ့​​သည်​။
နှုတ်မှုစွမ်းရည်ပြိုင်​ပွဲ၊ မြန်​မာသံစဉ်​သီချင်းသီဆိုပြိုင်​ပွဲများ၊ စစ်တုရင်ပြိုင်ပွဲများ ကျင်းပခဲ့ကာ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးခဲ့သည်။
မြို့နယ်ပါတီကော်​မတီဝင်​များမှ အခမ်းအနားသို့တက်ရောက်လာကြသော ရပ်/ကျေးဥက္ကဋ္ဌများအား လက်ဆောင်များ ပေးအပ်ခဲ့ခြင်း၊ ကံစမ်းမဲဖောက်ခြင်းများ ပြုလုပ်ခဲ့ကြကာ မွန်းလွဲ(၂)နာရီချိန်တွင် အခမ်းအနား ပြီးမြောက်ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ မြို့နယ်ပါတီဥက္ကဌ၊ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ နှင့် တွေ့ဆုံ

ဒီဇင်ဘာ(၇)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယနေ့ ဒီဇင်ဘာလ (၇) ရက်နေ့ နံနက် (၁၁း၀၀) နာရီချိန်တွင် ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းနှင့် မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်၊ကျေးစည်းမှူးများ တွေ့ဆုံခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံ

ဒီဇင်ဘာ – ၁ 

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ၂၀၁၇ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့ နံနက် (၁၁း၀၀) နာရီချိန်တွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းမှ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မျိုးဆက်သစ် လူငယ်မောင်/မယ်များ တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူ ရရှိခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ

(၁) ပြည်သူ့အကျိုးပြုလုပ်ငန်းများ လစဉ် ဆောင်ရွက်ရန် ၊

(၂) မြို့နယ်များတွင် ဖွဲ့စည်းပြီးသော ပရဟိတအသင်းများလှုပ်ရှားမှု တစ်လတစ်ကြိမ် လှုပ်ရှားဆောင်ရွက်ရန်၊

(၃) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အမျိုးသားရေးဆိုင်ရာ အသင်းအဖွဲ့များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်၊

(၄) လူငယ်ထုအင်အားကျစ်လစ်သိပ်သည်းမှုမှ တိုးချဲ့စည်းရုံးဆောင်ရွက် ရန်၊

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များ ရေးမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရားများအား ဖူးမျှော်ကြည်ညို ၊ ရေးမြို့နယ်ပါတီဝင်ထုနှင့် တွေ့ဆုံ

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး မွန်ပြည်နယ် မျိုးဆက်သစ်လူငယ်များ ​တွေ့ ဆုံဆွေးနွေးပွဲသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် (၇.၁၁.၂၀၁၇ ) ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ် ပြည်ခိုင်ဖြိုး မျိုးဆက်သစ်လူငယ်များ တွေ့ ဆုံပွဲအခမ်းအနားသို့  တက် ရောက်ပြီး လူငယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လမ်းညွန် အမှာစကား ပြောကြားပေးခဲ့ကြောင်းသိရပါသည်။


ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျေးရွာဘုံကထိန်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် နိုဝင်ဘာလ (၃) ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက် (၀၉း၀၀) နာရီချိန်တွင် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်ရင်ပြင်၌ စုပေါင်းဘုံကထိန်ပွဲကျင်းပရာ အခမ်းအနားသို့ တက်ရောက်ကာ ကထိန် သင်္ကန်းကပ်လှူကာ ရေစက်ချ အမျှပေးဝေခဲ့သည်။ယင်းနောက် ညနေ (၀၄း၃၀) နာရီချိန်တွင် ကလော့ – အပြိုင်ကျေးရွာ၏ (၂၇) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဖိုး၊ အဖွားတို့အား ပူဇော်ကန်တော့ခဲ့သည်။

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ (၃၁) ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီများ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ် များနှင့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့ပြီး၊ ပြည်နယ်ကော်မတီ ဒေါက်တာတိုးတိုးအောင် (လူငယ်ရေး ရာတာဝန်ခံ) မှ လူငယ်ကဏ္ဍဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

မုဒုံပြည်ခိုင်ဖြိုးပါတီမှ အလှူငွေလှူဒါန်း

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်ကျော်လွင်၊ ပြည်နယ်ကော်မတီဝင် ဦးဇော်မြင့်၊ ခရိုင်ကော်မတီဝင် ဦးမင်းအောင်မြင့်နှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့ အောက်တို ဘာလ (၂၈) ရက်နေ့တွင် ကတုံးပေါ်ကျေးရွာ ဘုန်းကြီးကျောင်း ဘုံကထိန် ပွဲသို့ သွားရောက်ကာ ကျောင်းတိုက်ဆရာတော်ထံ အလှူငွေ (၁၂၅၀၀၀)အား ကပ်လှူ လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။